ပရက်တီကယ်၀ါ

4.6K 276 11
                                    

"စင်ဒရဲလားဆိုတာ Horror ပုံပြင်ကြီးပါဟာ.."

စပြီ။ စပြီ။ ၀ါငယ်ဆိုတဲ့ ဒီချီးထုတ်မနဲ့ တွေ့တာနဲ့ ကျွန်မရဲ့ အိပ်မက်လှလှလေး အမဲဖျက်ခံရတော့မယ်ဆိုတာ ရာနှုန်းပြည့် သေချာနေပြီးသားဖြစ်သည်။ ဒါပေမဲ့ ဘယ်တတ်နိုင်မလဲနော်။ စံပယ်ဖြူဆိုတဲ့ ကျွန်မမှာ ကျောင်းအတူတက်ရမယ့် သူငယ်ချင်းဆို၍ ပြေးကြည့်ကြည့်၊ လမ်းလျှောက်ကြည့်ကြည့်၊ ခုန်ကြည့်ကြည့်၊ ထိုင်ကြည့်ကြည့် ဒီတစ်ယောက်ပဲ ရှိတယ် မဟုတ်လား။

ဒီတော့လည်း လူကြပ်နေတဲ့ ကားပေါ်မှာ စာအုပ်လေးတွေပွေ့ရင်း နှုတ်ဆိတ်နေရတာပါပဲ။ လက်မမီတဲ့ တန်းကို ခြေဖျားထောက်ပြီး ကိုင်ထားရတာကိုတော့ ထည့်မပြောချင်ဘူး။ ဘတ်စ်ကားပါဆိုမှ ခေါင်မိုးမြင့်စရာ လိုလို့လားနော်။ ဒါ လူကို သက်သက်စော်ကားတာ။

"စင်ဒရဲလားက version မျိုးစုံနဲ့နော် မိဖြူ။ အီဂျစ်ပုံပြင်ကို မှီငြမ်းပြီး ရေးခဲ့ကြတာဆိုပဲ။ ဒါပေမဲ့ ငါ အခုပြောနေတာ Grimm ညီအစ်ကိုရေးခဲ့တဲ့ စင်ဒရဲလားဇာတ်လမ်းကိုပြောချင်တာ။ သူ့မိထွေးရဲ့ သမီးတွေက ရုပ်ဆိုးတွေလို့ မထင်လိုက်နဲ့ဟေ့။ ချောချောလှလှလေးတွေ။ စိတ်ပုပ်တာကတော့ စိတ်ပုပ်တာပေါ့။ ဟီး။ အဲ့ဒီ့ကလေးမလေးကို မီးဖိုနားက မီးသွေးစတွေ၊ ပြာတွေကြားမှာ အိပ်ခိုင်းကြလို့ ပြာတွေအမြဲပေပြီး ညစ်ပတ်နေလို့ စင်ဒရဲလားလို့ခေါ်တာ။ အီတာလျံလို Cenerentola လေ။ Cenere ဆိုတာ ပြာကိုခေါ်တာ။ ပြာလူးမပေါ့ဟယ်။"

ဘတ်စ်ကားပေါ်က လူတစ်ချို့ လှည့်ကြည့်ကြသည်။ လှည့်ကြည့်သည်လို့သာပြောတာပါ။ လူတွေကြပ်ညပ်နေသည်မှာ ဘယ်သူမှ တုတ်တုတ်လှုပ်လို့မရ။ လည်ပင်းစောင်းရုံ၊ ဇာတ်လည်ရုံ လှမ်းကြည့်ကြတာ ဖြစ်သည်။ ကားထဲမှ ကျောင်းသားတော်တော်များများသည် စင်ဒရဲလားကို ပြာလူးမဖြစ်အောင် ရှင်းပြနေသည့် ၀ါငယ့်ကို စိတ်ဝင်စားကုန်ပြီဖြစ်သည်။ ၀ါငယ်သည် ကျွန်မလိုမဟုတ်။ အသားဝင်းဝင်း၊ မျက်နှာလှလှလေးနှင့်ဖြစ်သည်။ မိတ်ကပ်တွေလိမ်းထားသောကြောင့် လူကြားထဲမှာ ချွေးစို့နေပေမယ့် အလှမပျက်။ ကျွန်မလို သနပ်ခါးပွတ်ထားပြီး အဆီပြန်နေတာထက်စာလျှင် အတော်ပင် ကြည့်ကောင်းသည်။

စကတည်းက မှားခဲ့သည်Wo Geschichten leben. Entdecke jetzt