"omma..."

"ပြောလေ hyunငယ်.."

"ကျွန်တော့်ကို chanyeol shiကခေါ်လာခဲ့တာလားဟင်.."

"ဟုတ်ပါသတဲ့ရှင် ဆိုဂျူပုလင်းဝတ်သောက်ပြီး ရစ်ထုက်လေးလုပ်နေတဲ့ အမူးသမားလေးကို သူ့ကိုကိုက အိမ်အရောက်ခေါ်လာတာပါရှင်..."

"အာ...ommaကလည်း.."

baekhyunမျက်နှာကို ငုံ့ချလိုက်သည်...။
ရှက်လွန်းလို့နားရွက်ဖျားလေးတွေပင် ရဲတက်လာ​လေသည်...။
ommaအခန်းပြင်ကိုပြန်ထွက်သွား​တော့မှ ​စောင်ကိုခေါင်းထိရောက်အောင် ဆွဲခြုံလိုက်ကာ

"သွားပါပြီ...chanyeol shiကိုဘယ်လို မျက်နှာချင်းဆိုင်ရပါ့မလဲ...ဘာလို့အဲ့လို သွားလုပ်မိတာလဲ သေလိုက်ပါတော့ byun baekhyunရေ..."

စောင်လုံးလေးလိုက် ဟိုလှိမ့်ဒီလှိမ့်လုပ်နေတဲ့ ကောင်လေးကိုအခန်းဝကနေ chanyeolလက်ပိုက်ပြီးရပ်ကြည့်​နေလိုက်သည်...။
ညကမူးနေတဲ့ကောင်လေးကို တစ်ယောက်ထဲစိတ်မချနိုင်လို့ သူနေတဲ့တိုက်ခန်းပြန်မပို့ပဲ အိမ်ကိုခေါ်လာခဲ့ခြင်း....။ချစ်ဖို့ကောင်းလွန်းနေတဲ့ အမူးသမားလေးကို  ကြည့်မဝနိုင်လွန်းလို့ တစ်ညလုံးကုတင်ဘေးမှာ တစ်စိမ့်စိမ့်ထိုင်ကြည့်နေမိခဲ့သည်...။
မျက်လုံးတွေမှေးစဉ်းလာပြီး ထိန်းချူပ်လို့မရတဲ့အချိန်ကျမှသာ အိပ်ပျော်နေသူလေးရဲ့ နဖူးပြင်ပေါ် ရစ်ဝဲနေတဲ့ ဆံနွယ်နုနုကို ညင်သာစွာသပ်တင်ပေးပြီး နှုက်ခမ်းပါးလေးနဲ့ ထိကပ်ယုံမျှအနမ်းဖွဖွပေးကာ အခန်းထဲကထွက်လာခဲ့ရသည်...။

မနက်စောစော အိပ်ရာနိုးလို့ အခန်းပြင်ကိုထွက်လာတော့ မီးဖိုထဲမှာထမင်းချက်နေတဲ့မားမားကိုတွေ့ရသည်...။
ညကအဖြစ်ပျက်အကြောင်းစုံကို မားမားကိုပြောပြကာ baekhyunကို အိမ်ခေါ်လာပြီး သူ့အခန်းရဲ့ ညာဖက်က အခန်းမှာသိပ်ထားတယ်လို့လည်းပြောလိုက်ရော ချက်ချင်းဖန်ခွက်တစ်လုံးနဲ့ ပျားရည်ဖျော်ပြီး အခန်းရှေ့ရောက်သွားလေသည်...။
မားမားဟာလေ သူ့ရဲ့အနာဂတ်သမက်လောင်းကို အခုထဲကသည်းသည်းလှုပ်နေတော့တာပဲ...။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မျက်နှာသစ်ပြီး အခန်းပြင်ကိုထွက်လာတဲ့ baekhyunကို ommaကထမင်းဝိုင်းဆီဆွဲ
ခေါ်လာပြီး chanyeolဘေးကခုံတွင်
ဝင်ထိုင်စေသည်...။
စားပွဲထိပ်ကခုံတွင် ထိုင်နေတဲ့ဥက္ကဋ္ဌကြီးကို
ဦးညွှက်နှုက်ဆက်တော့ ဥက္ကဋ္ဌကြီးကပြုံးပြပြီး
ခေါင်းညိမ့်ပြသည်...။အခုလိုမျိုး ကိုယ့်ကိုကြည်ဖြူစွာဆက်ဆံပေးတဲ့ chanyeolတို့မိသားစု
ဟာ ဂုဏ်အရှိန်ဝါတွေနဲ့ မလိုက်အောင်ပင် သဘောကောင်းလွန်းကြသည်....။

I Want YouOnde histórias criam vida. Descubra agora