"သား ကိုခုနက ဘာလုပ်တာလဲ၊
ဦးလေးကြီးကြောင်တောင်တောင်မလုပ်နဲ့နော်၊ ပါပါးနဲ့တိုင်ပြောမှာ "

ရီပေါ် ခေါင်းကိုသာအကြောင်းမဲ့ကုပ်ရင်းဟက်ခနဲရယ်လိုက်မိသည်။ ထို့နောက်ရုပ်တည်ကြီးနှင့်...

"ကလေး က မိုးရေထဲမေ့လဲသွားတာလေ၊
နှုတ်ခမ်းတွေပြာနေလို့ သွေးရောင်လွှမ်းလာအောင် ဦးက ကူညီပေးတာပါ"

တစ်ဖက်က မျက်တောင်လေးပုတ်ခတ်ပုတ်ခတ်လုပ်နေကာ..ဘာစကားမှမဆို၊ အတော်ကြာမှ...သွက်လက်စွာနှင့်

" အဲ့ဒါဆို ကျေးဇူးပဲ၊
သားနာမည်က ဟွိုက်ကျန့်ကျန့်လို့ခေါ်တယ်"

ဟွိုက်ကျန့်ကျန့်တယ့်လား၊
ရီပေါ် ပါးစပ်ကခပ်တိုးတိုးရေရွတ်ရင်းး...မိမိနာမည်ကိုပါမိတ်ဆတ်လိုက်သည်။

"ဦးးနာမည်က ဝမ်ရီပေါ်"

ထိုကလေးက ခုနကနဲ့မတူပဲ မျက်လုံးမှိတ်မတတ်ပြုံးပြလာကာ...

"ဟုတ်ကဲ့...ဦးငယ်၊
သားမှတ်ထားပါ့မယ်"

ဦးးငယ်....
ဦးငယ်......
ရင်ထဲမှာပဲ့တင်ထပ်အောင်မြည်ဟီးသွားကာ..နှလုံးသားကဒိတ်ခနဲခုန်သည်။
သို့သော် ထိုကလေးငယ်အသံကထပ်ထွက်လာကာ...

"မိုးတိတ်ရင် အိမ်ကိုလိုက်ပို့ပေးနော်၊
နောက်ပြီး..ပါးးကအိမ်ပြန်ရောက်နေလို့ သားကိုဆူရင်..ဦးငယ်က သားဘက်ကကူပြောပေးရမယ်နော်၊ဟီးးး...နာနီကြီးကို မီးဖိုချောင်ထဲ Lockချပြီးထားခဲ့တာ၊ ဘယ်သူက ထင်မှာလဲ ရုတ်တရတ်ကြီးမိုးရွာမယ်လို့၊ ဟုတ်တယ်မလား ဦးငယ်"

"ဟင်...အာ..ဟုတ်တာပေါ့..."

ထိုကလေးစကားကို မနည်းလိုက်မှီအောင်ကြိုးစားလိုက်ရသည်။ နောက်ဆုံးသိလိုက်ရတာက...အဖေဖြစ်သူက အိမ်မှာနာနီနဲ့ထားခဲ့ပုံပင်၊ ကမျင်းကြောထပြီး..ဒီဘက်ခြံထဲအထိပြုတ်ကျလာခြင်းကို..သူ့အဖေမသိစေရန် မိမိအားအဖော်ဆွယ်နေခြင်း။ တကယ့်ကိုမလွယ်ကြောလေးပဲ။

ကျန့်ကျန့်...ခုမှသက်ပြင်းမောကို ဟူးးခနဲမှုတ်ထုတ်လိုက်မိသည်။ တော်ပါသေးရဲ့ မဟုတ်ရင် ပါးးဆီမှာအဆူခံရတော့မှာ..ဒီဦးကြီးကယ်ပေလို့ပေါ့၊

....."Xiao Oo Oo".....{{ COMPLETED }}Donde viven las historias. Descúbrelo ahora