"Hello...ဒါက ဝမ်ရီပေါ် ရဲ့ ဦးလေးကြီးဖုန်းလားမသိဘူး....ဟ...ထိန်းထားစမ်းပါဦးး၊ ငါ့အပေါ် အန်ချလို့မဖြစ်ဘူး၊
ယားး...."

ဦးလေးကြီးဆိုသော နာမ်စားကြောင့်နှုတ်ခမ်းပါးများက အလိုက်မသိပဲပြုံးချင်လာသည်။ သို့ပေမယ့် ဆတ်ထွက်လာတယ့်စကားသံတွေက တောင်စဥ်ရေမရ။ မိမိကပဲ..ကမ္ဘာပျက်နေသော ထို့ဖုန်းပိုင်ရှင်အားစိတ်ရှည်လက်ရှည်ဖြင့် စောင့်ဆိုင်းလိုက်ရသည်။ ပြီးနောက်....

"ဟုတ်ပါတယ်၊
ဦးလေးး က ကောင်လေးရဲ့
အုပ်ထိန်းသူပါ "

ထိုအခါမှ....

"ဟာ...ကျတော်ဒီဘက်မှာ အာရုံများသွားလို့ ဆောရီးနော် ဦးလေး...၊
ရီပေါ့် ကို လာခေါ်ပေးလို့ရမလား "

"နေရာကိုသာပြောလိုက်၊
ဦးလေးး လာခဲ့မယ်"

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
ခပ်စူးစူးအော်ဟစ်သံတွေနဲ့၊ မီးရောင်စုံများကြား ခုန်ပေါက်နေသောသူများကိုကြည့်ကာ ရှောင်းကျန့် ခေါင်းတောင်ကိုက်လာသည်။

ဒီလိုနေရာမျိုးက မိမိနဲ့ကျိန်းသေ ရင်းနှီးမှုမရှိ၊ လူရှုပ်သောနေရာမျိုးမို့ မကြိုက်တာဆို ပိုမှန်လိမ့်မည်။

ခုလဲ...Mask ကို သေချာတပ်ထားပြီးးတိုးကာ ဝှေ့ကာနှင့် ရှာနေသောအခန်းရှေ့ရောက်လာရသည်။

တံခါးဆွဲဖွင့်လိုက်တာနဲ့ ငရဲခန်းရောက်သွားသလိုပင်၊ သောင်းကျန်းနေသော ဆယ်ကျော်သက်လေးများက...တီကောင်ဆားပတ်ခံရသလို...ရွစိထနေကြသည်။

ထိုအချိန်...

"ဒီက...အစ်ကို အခန်းမှားဝင်လာပြီထင်တယ် ၊ ဒါက VIP No.4အခန်းပါ "

ထိုသူစကားကိုခွန်းတုန့်မပြန်နိုင်။
ရှောင်းကျန့် မျက်လုံးအစုံကိုကစားရင်း ကောင်လေးအား လိုက်ရှာကြည့်သည်။သို့သော်မတွေ့...။ ကျိန်းသေ ဒီအခန်းလို့ပြောတာပါ။

"အစ်ကို..."

"ဝမ်ရီပေါ် ကို လာခေါ်တာ၊သူ ခုဘယ်မှာလဲ"

ထိုကောင်လေးက သူ့ကိုအစုန်အဆန်ကြည့်ကာ..ခေါင်းကိုတစ်ဗျင်းဗျင်းကုတ်နေသည်။
ပြီးမှ...

....."Xiao Oo Oo".....{{ COMPLETED }}Waar verhalen tot leven komen. Ontdek het nu