"ငါ့ကိုယုံတယ်ပေါ့လေ..."

"မင်းကိုမယုံတော့ ဘယ်သူ့ကိုသွားယုံမှာလဲ၊
ငါ နိုးလာရင်သာ မင်းရင်ခွင်ထဲရောက်မနေဖို့ မျှော်လင့်တယ် "

"အာ...မင်းကတော့ကွာ.."

ရှောင်းကျန့်က မျက်လုံးမှိတ်ထားလို့သာပေါ့၊ မဟုတ်ရင် ကျတော့်မျက်နှာပေါ်က ရှက်ပြုံးတစ်ခုကိုတော့ သူမြင်လိုက်မိမှာကျိန်းသေတယ် ။

မပြောင်းလဲသော ကိစ္စတစ်ခုကိုပြောပါဆိုလျှင် ထိုလူသားနဲ့အတူအိပ်၍ မိုးလင်းတိုင်း
မိမိရင်ခွင်ထဲမှာ ထိုလူသားလေးရောက်နေခြင်းပင် ။

သေချာတာကတော့ နောင်နေ့မနက်မှာလဲ ဒီအတိုင်းပင်ဖြစ်နေကာ...ရှောင်းကျန့်အခန်းထဲမှ. .ဆဲသံစုံလင်စွာထွက်လာတော့သည်။

.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.

"အား....ဝမ်ရီပေါ် ဖြေးဖြေးမောင်းကွ၊
ငါက ဆိုင်ကယ်တစ်ခါမှစီးဖူးတာ မဟုတ်ဘူး "

"ဝူး...ဘွန်းးး..ဘွန်းး..ဝူးးး"

Leo က ဆိုင်ကယ်နောက်မှာထိုင်ရင်း ၊
ရီပေါ့် ခါးကိုကျစ်ကျစ်ပါအောင်ဖက်ရင်း ၊
ပြဲပြဲစင်အောင်အော်ဟစ်နေတာမို့..ရီပေါ်ကလီဗာ ကိုပိုဆွဲလိုက်ပြီး...

"မင်း မပြောဘူးဆိုရင်..
ငါ ဒီထက် Speed ထပ်တင်မှာနော် "

"Ok...Ok..ငါသိပြီ
စကားပြောလို့ကောင်းမယ့်နေရာမှာ ရပ်လိုက်တော့ "

ရီပေါ်က Main လမ်းမကြီးမှလမ်းသွယ်လေးထဲ ချိုးကွေ့လိုက်ကာ...ဘရိတ်ကိုဆောင့်အုပ်လိုက်သည်။ ပြီးနောက်ဟန်းမက်စ် ကို ဟန်ပါပါချွတ်လိုက်ပြီး...

"ရပြီ ပြောတော့ "

"အမ်..ဒီနေရာမှာလား "

Leo က ပတ်ဝန်းကျင်ကို ဝေ့ဝိုက်ကြည့်ရင်း မဲ့ကာရွဲ့ကာဖြင့်ဆိုလာသည်။
ပေကျင်းမြို့စွန်းရောက်နေတယ့်အပြင် လမ်းသွယ်လေးမှာမို့လူရှင်းတာအမှန်၊

"ငါက ဒီအပင်ကြီးအောက်မှာ ဒီအတိုင်းပြောရမှာလား ၊ မုန့်လေးစား Juice လေးသောက်ပြီးပြောရမှာလေ "

....."Xiao Oo Oo".....{{ COMPLETED }}Opowieści tętniące życiem. Odkryj je teraz