"ဦးး ဘာဖြစ်နေတာလဲ..."

ရီပေါ် မျက်နှာခပ်လွဲလွဲဖြင့်ထပ်အော်မိသည်။ ရှောင်းကျန့်က Shirt အကျီကိုအဝေးသို့ လွှင့်ပစ်လိုက်ပြီး....

"ငါ့ကိုမမေးနဲ့လေ ၊
မင်း ငါ့ကိုလုပ်ချင်နေတာမလား ၊
လာလုပ်လေ ၊ ၁၄ နှစ်အရွယ်ကတည်းက
ငါ့နာမည် ရွတ် ပြီး စိတ်ဖြေခဲ့တယ်မလား၊
ခု လူအကောင်လိုက်ကြီး မင်းရှေ့ရောက်နေပြီ လာလုပ်လိုက်တော့..."

"ဟင်...ဦးး ဦးး ကဘယ်လိုလုပ်ပြီး..."

ရီပေါ်...ပါးတွေ နားတွေပူလာပြီး ဦးးးကိုစေ့စေ့မကြည့်နိုင်တော့ ၊ ဦးးး က ကျွန်တော့်အခန်းထဲ အသံဖမ်းစက်တပ်ထားတာလား?

"အဟွန်း..ခုမှရှက်နေတာလား ၊
ယွမ်ရှု နဲ့ Leo ကကုန်တိုက်သွားတယ်လေ၊
မင်း..ငါ့ကိုစိတ်ကျေနပ်တယ့်အထိ လုပ်လို့ရတယ်..၊ ဒါပေမယ့် နောက်ထပ် ငါမကြားချင်တာက ဦးးးကိုသိပ်ချစ်တယ် ၊ ဦးးးရင်ခွင်ထဲမှာနေချင်တယ် ၊ ဦးးးနဲ့ရေအတူချိုးချင်တယ်...နောက်ပြီး..ဦးးးနဲ့ညတိုင်း...."

ရီပေါ်..ခေါင်းသွက်သွက်ခါရင်းကျယ်လောင်စွာအော်ဟစ်မိသည်။

"တော်ပါတော့...
ဆတ်မပြောပါနဲ့တော့..ဦးးရယ် ၊
ကျွန်တော် တောင်းပန်ပါတယ်..."

ရီပေါ် က တအီးအီး ငိုရှိုက်ရင်း နောက်သို့သာဆုတ်နေမိသည်။ ဒီလို ရှက်စရာစကားတွေကို ဦးးး က ကြားနေခဲ့တာလား ၊
မျက်ရည်များကို ကြမ်းတမ်းစွာဖိပွတ်လိုက်မှ..သူ သတိထားလိုက်မိသည် ။

ဦးး ဆီက ကြာပွတ်ရာ ၅ ချက်နဲ့အလဲအလှယ်လုပ်ခဲ့တယ့်နာရီလေး ၊ နေ့ရော ၊ ညရော ပတ်ထားတယ့်အပြင် ရေချိုးတာတောင်မချွတ်ခဲ့တယ့် ဒီနာရီလေးကများ..

ရှောင်းကျန့် က ရီပေါ်ဖြစ်ပျက်နေပုံကိုကြည့်ပြီး ဟက်ဟက်ပက်ပက်ရယ်သည်။ပြီးမှ..

"ဟုတ်တယ် ၊ အဲ့နာရီက ငါကိုယ်တိုင်တီထွင်ထားတယ့် နာရီပဲ ၊အဲ့နာရီပတ်ထားတယ့်သူရဲ့အသံလဲကြားနိုင်သလို ဘယ်မှာရှိလဲဆိုတာ ငါသိနိုင်တယ် ၊ မင်းတောင်းလို့ငါပေးလိုက်တာလေ မှတ်မိတယ်မလား "

ရီပေါ်..ရင်ထဲလှပ်ခနဲ ။
ကျတော်က မြွေပွေးခါးပိုက်ပိုက်မိတာပေါ့ ဦးးရယ် ။
ဒါဆို မမဖေးရန်တို့ကိစ္စကိုရော..
ထိတ်ထိတ်ပြာပြာ နဲ့ ဦးး ကိုမော့ကြည့်လိုက်တော့ ပိုဆိုးသည့်အခြေအနေက ဆီးကြိုနေသည်။

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now