"မမ တို့နှစ်ယောက်အီတလီ ကိုပြန်ပါတော့နော် ၊ နောက်ပြီးပျော်ပျော်ရွှင်ရွင်နေသွားကြပါ ၊ ကျွန်တော် လဲ ရှောင်းအိမ်တော်ကြီးမှာ နေရတာ အရမ်းပျော်ပါတယ် "

"ဒါပေမယ့်..ရီပေါ်.."

"ဖေးရန်..သူမှမလိုက်ချင်တာ ၊
အတင်းမခေါ်ပါနဲ့..."

ဖြောင့်ဖြသံ နှင့် တားဆီသံတို့က..စည်းဝါးမကိုက်စွာထွက်ပေါ်လာတာမို့..ရီပေါ် မျက်ရည်များကိုဖိသုတ်ပစ်ပြီး...

"မမ ဖေးရန်ကိုအရမ်းချစ်တယ်သိလား ၊
မမယွီလီ နဲ့ ပျော်ပျော်ရွှင်ရွင်နေရမယ်နော်၊ကျွန်တော် သွားတော့မယ် "

"ရီပေါ်...."

ရှေ့မှ ခပ်သုတ်သုတ်ပြေးထွက်သွားတယ့်သူ့ကိုကြည့်ကာ..ဖေးရန်မျက်ရည်များနဲ့လှမ်းခေါ်မိသည်။ သို့သော် တစ်ချက်မှစောင်းငဲ့မကြည့်ပါပဲ ဝေးကွာသွားသော ထိုပုံရိပ်လေးသည်....
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
.
"ထမင်းစားလေကွာ...
တစ်မှိုင်မှိုင်နဲ့ဘာဖြစ်နေမှန်းမသိဘူး "

ထိုအခါမှ ရီပေါ်ကလှုပ်လှုပ်ရှားရှားဖြစ်လာပြီး..တူ ကိုကောက်ကိုင်သည်။ သို့သော်သူ့ပုံစံက စိတ်နဲ့လူနဲ့မကပ်မှန်းသိသာလွန်းနေတာမို့...ယွမ်ရှုဆတ်ကြည့်မနေနိုင်တော့ ။

ထို့ကြောင့်...ထမင်းစားခုံကိုဗြောင်းခနဲရိုက်ချလိုက်ကာ..

"ဝမ်ရီပေါ် ဘာတွေဖြစ်နေတာလဲ "

ဘာဖြစ်နေလဲတယ့် ၊ ဦးလေးယွမ်ရှုကိုသာ မှင်သေသေနဲ့ပြန်ကြည့်နေလိုက်သည်။
မမ ဖေးရန်တို့ China ကိုရောက်နေတာရော ၊ တစ်လနီးပါးရှိပြီ မပြန်သေးတာရော ၊ ကျွန်တော့် ဖုန်းကို ညတိုင်းဆတ်ပြီး အီတလီလိုက်ခဲ့ဖို့ပြောနေတာရော ၊ ဒီအကြောင်းအရာတွေကို ဦးလေးယွမ်ရှုကိုပြောပြသင့်လား? ?

မျက်လုံးပြူးလေးများနှင့် မိမိကိုစိုက်ကြည့်နေသော ရီပေါ်ကြောင့် ယွမ်ရှုနောက်တစ်ခေါက်ပိတ်အော်လိုက်ရသည် ။

"ဝမ်ရီပေါ် "

"အာ...ဦးလေးယွမ်ရှု ကျွန်တော်အတွေးများနေလို့..၊ အဟီးဟီး... နေရာမှာပြန်ထိုင်ပါဦး ၊ Uni တတ်ရင် ဘာမေဂျာယူရင်ကောင်းမလဲ စဥ်းစားနေတာ.."

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now