"ယွမ်ရှု...မင်းငါ့အတွက်..
ကျူးယဲ့ ကိုသတ်ပေးရမယ်..အား..အ"

မျက်ရည်များကြား ယွမ်ရှု ခေါင်းညိမ့်ပြသည်ကို ဝိုးတစ်ဝါးမြင်လိုက်ရသည်။ထို့နောက် နားစည်ကိုလာရိုက်ခတ်သော ထိုအယုတ်တမာ၏ စကားသံသဲ့သဲ့..က ကျောချမ်းဖွယ်ရာ။

"ကျွန်တော့် ကိုသတ်ချင်တာလား သခင်လေး အဟက်ဟက် ၊ ကိစ္စပြီးရင်..နှစ်ယောက်လုံးကို ဂိုဒေါင်ထဲမီးရှို့သတ်ဖို့ စီစဥ်ပြီးသား....ဟားဟားဟား..."

"အား...ကျူးယဲ့....
လူယုတ်မာ....မလာနဲ့....
ထွက်သွား..* Sob..* Sob..."

"အား.......ထွက်သွား.."

"သခင်လေး..သခင်လေး..
သတိထားပါဦးး"

နားထဲတစ်သိမ့်သိမ့်တိုးဝင်လာတယ့်..ခပ်တိုးတိုးခေါ်သံများ ၊ စိတ်အာရုံကိုစုစည်းပြီး..မျက်လုံးကိုအားယူဖွင့်ကြည့်လိုက်တော့..Sis ဂျက်ဆီနှင့် အိပ်ချင်မူးတူးဖြစ်နေတယ့်..Leo..။ ရှောင်းကျန့်အိပ်ယာမှလူးလဲထရင်း..တစ်အင့်အင်းရှိုက်ငိုမိသည်။

"သခင်လေး...အဆင်ပြေရဲ့လားဟင်.."

အပြောနဲ့အတူ..နဖူးနဲ့ပါးပြင်ကို..လာတို့ထိတယ့်လက်ချောင်းလေးများ ၊
ရှောင်းကျန့် မရုန်းဖယ်မိ ။ ကြောက်တယ်၊
အရမ်းကြောက်နေခဲ့တာ...၊

"Sis ဂျက်ဆီ..* Sob..*Sob..ကျွန်တော်က.."

"အတိတ်တွေကိုမေ့ထားလိုက်ပါ ၊
ခုချိန်မှာ သခင်လေးကိုအနိုင်ကျင့်မယ့်သူမရှိတော့ပါဘူး.."

"* Sob * Sob..ကျွန်တော်.."

ရှောင်းကျန့်..စကားမဆုံးသေးခင်မှာ..
ထွက်လာတယ့် အသံဆာဆာလေးကအလိုမကျမှုအပြည့်နှင့်...

"ကိုကို မငိုနဲ့လေ ၊
ယောကျာ်းမှန်ရင် မပျော့ညံ့ရဘူး ၊
မျက်ရည်မကျရဘူးဆို ၊
ကိုကို​ပြောပြီးမေ့နေတာလား အ..မာမီ..
ဘာလို့ဗိုက်ကိုလိမ်ဆွဲတာလဲ နာတယ် "

"Leo ပါးစပ်ပိတ်ထားစမ်း ၊
သခင်လေးကို ဦးဦး လို့ခေါ်ရမယ်လို့..
မာမီ ​ပြောထားတယ်လေ "

သားအမိနှစ်ယောက်ရဲ့..ခပ်ကြိတ်ကြိတ်ရန်ဖြစ်သံအဆုံးမှာ..ရှောင်းကျန့်အနည်းငယ်ပြုံးလိုက်မိသည်။ ထို့နောက်..
Leo ခေါင်းကိုခပ်ဖွဖွပုတ်လိုက်တော့..မိမိရင်ခွင်ထဲအလိုက်သင့်တိုးဝင်လာသော..Lion ပေါက်စလေး ၊
သွေးခြောက်ခါနီးမျက်ရည်များကို သုတ်ပေးနေကာ..."ကိုကို မငိုနဲ့တော့တယ့်.."

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now