"ဟိုလေ ၊ ကျတော့် ကိုစိတ်ဆိုးနေတာလား၊ နောက်တစ်ခါ ဦးအခန်းကိုခိုးမဝင်တော့ဘူးလို့ကတိပေးပါတယ် နော် နော် ၊
ကျတော် မှားမှန်းသိပါပြီ..."

ယွမ်ရှုသက်ပြင်းကို ဟူးခနဲမှုတ်ထုတ်ကာ..

"မင်း...မွှေချက်ကတော့ကမ်းကုန်းပဲ၊
တစ်အိမ်လုံး ၊ တစ်ခြံလုံးပြဲပြဲစင်အောင်သွားလို့ရတယ် ၊ Sir အခန်းကိုတော့ဝေးဝေးရှောင်လို့ ငါမပြောထားဘူးလား "

လေသံအရဆို ဦးလေးယွမ်ရှုအမှန်တကယ်စိတ်တိုနေမှန်း ရီပေါ်သိလိုက်သည် ၊ ဦး အခန်းကိုခိုးဝင်တယ့်နေ့မှ စပြီးမိမိကို မခေါ်မပြောလုပ်တာ အတော်ကြာပြီ ၊ ခုလဲ ကျောင်းအပ်ရမှာမို့သာ...မဖြစ်မနေလိုက်ပို့ခြင်း ၊

"ဝမ် ရီ ပေါ် "

"ဗျာ ....."

"ဘာတွေ့လဲဟမ် ၊ Sir အခန်းထဲမှာမင်းဘာတွေတွေ့ခဲ့လဲ "

မိမိကို ပလိပ်စစ်စစ်နေတာမို့ ရီပေါ်ငိုချင်လာမိသည်။ ဦလေးယွမ်ရှုက အမြဲတမ်းကျတော့်အပေါ်နားလည်ခဲ့တာ ၊ ဒါပေမယ့် ခုအခြေအနေကြီးက နည်းနည်းတော့ကြောက်ဖို့ကောင်းတယ် ၊

ယွမ်ရှုလဲ...လေသံခပ်မာမာဖြင့်သာမေးလိုက်မိသည် ။ ဒီကောင်လေးကို ခုလိုဆတ်ဆံမှရလိမ့်မည် ။ ဒီထက့်အတင့်ရဲလာလျှင်စိတ်ဆတ်သော ရှောင်းကျန့်က တစ်ခုခုလုပ်လိုက်လျှင်မခက်ပေဘူးလား ၊

"ငါ မေးနေတာမကြားဘူးလား ရီပေါ် ၊
ဘာတွေတွေ့ခဲ့ရလဲ ပြောပြစမ်းပါအုံး"

ရွဲ့မေးနေမှန်းသိပေမယ့် ရီပေါ်ခေါင်းညိမ့်ပြရင်း...

"ဟို ကျတော်တွေ့တာက ကုတင်တစ်လုံးရယ် ၊ ရေချိုးခန်းနဲ့အိမ်သာ ၊ ပြီးတော့ စက်ရုပ်လိုအသံအက်အက်ကြီး အဲ့ဒါပဲတွေ့တယ် "

"အေ...ထူးခြားတယ်လို့မင်းထင်မှာပဲ ၊
အဲ့ဒါ Sir အခန်းပေမယ့် အဲ့အခန်းထဲမှာမှ
လျှို့ဝှက်ခန်းရှိသေးတယ် ၊ Sir က အဲ့အခန်းထဲမှာနေတာ ရှင်းပြီလား ၊ ဘာထပ်သိချင်သေးလဲ..."

ရီပေါ်က မျက်လုံးများဝိုင်းစက်ကာ အာရုံစိုက်စွာနားထောင်နေပြီး...

"ကျတော့် ထပ်သိချင်တာကလေ ၊
အဲ့ လျှို့ဝှက်ခန်းကိုဘယ်လိုသွားရတာလဲလို့"

....."Xiao Oo Oo".....{{ COMPLETED }}Opowieści tętniące życiem. Odkryj je teraz