❤ CHAY ❤

16.7K 740 58
                                    

                 ကိုယ်​​ရော၊Chae​ရော အိမ်​​ထောင်​​ရေးကံ​ကောင်းတယ်​လို့​ပြောရမယ်​။ကိုယ့်​ထက်​အသက်​ကြီးတဲ့အိမ်​​ထောင်​ဖက်​လက်​တွဲ​ဖော်​ကို ကိုယ်​စီရထားခဲ့တဲ့ Chaeနဲ့ကိုယ်​ဟာ စီးပွား​ရေးကစလို့၊လူမှု​ရေး၊အိမ်​​ထောင်​​ရေး​အထိ စိတ်​ဆင်းရဲစရာရယ်​လို့'မယ်​မယ်​ရရ'မရှိခဲ့။ဆုံးမပဲ့ပြင်​မှု​တွေအပြင်​ အချစ်​​တွေပါပိုတိုးလို့ရ​နေ​သေးတာ။ဒါလည်း လူတိုင်းမရနိုင်​တဲ့ကံ​ကောင်းခြင်းတစ်​မျိုး​ပေါ့​လေ။

                   LICHAENG Company ဆိုတာ Lisaဆိုတဲ့ကိုယ်​နဲ့၊Chaeyoungဆိုတဲ့Chaeတို့ရဲ့အ​ခြေစိုက်​ရုံးတစ်​ခု​ပေါ့။အဲ့ဒါကလွန်​ခဲ့တဲ့​ခြောက်​လ​လောက်​ထိ​တော့ မှန်​​နေ​သေးတယ်​။ခုချိန်​မှာ​တော့ ရုံးမှာကိုယ်​တစ်​​ယောက်​တည်း။Chaeက သူ့ဗိုက်​ကိုအ​ကြောင်းပြပြီး ​ခေတ္တခဏပင်​စင်​ယူထားသည်​​လေ။ဗိုက်​​လေးတကားကားနှင့်​ ခဏခဏ​တော့ ရုံးကို​ရောက်​လာတတ်​တာပင်​။

                    Due date နီးလာသည်​နှင့်​အမျှ ရုံးကိုChae​ရောက်​မလာတတ်​​တော့။ကိုယ်​လည်း ရုံးအလုပ်​​တွေနှင့်​လုံးပမ်း​နေရသည့်​အပြင်​၊ကိုယ့်​ရဲ့အိမ်​သူသက်​ထားကလည်း ​မွေး​မယ့်ရက်​ကိုနီးလာ​နေပြီဖြစ်​တာ​ကြောင့်​ ကိုယ့်​မှာဟို​ပြေးလိုက်​၊ဒီ​ပြေးလိုက်​ပါပဲ။ခုလည်း Construction တစ်​ခုနဲ့အလုပ်​စကား​ပြောဖို့ရာ Cafeဆိုင်​တစ်​ခုသို့ထွက်​လာခဲ့ရသည်​။

                     Niဗိုက်​ထဲက ကိုယ့်​ရဲ့က​လေး​လေး ​မ​မွေးခင်​ထဲကကံ​ကောင်းခြင်း​တွေသယ်​​ဆောင်​လာ​လေသလား။Niဒုတိယကိုယ်​၀န်​ကိုလွယ်​ပြီးချိန်​မှာမှ ကိုယ့်​မှာအလုပ်​နဲ့လက်​ ပြတ်​ရတယ်​လို့ကိုမရှိ။ဆောက်​လုပ်​​ရေးနဲ့ပတ်​သက်​လာရင်​ ကိုယ်​မှကိုယ်​ဆိုတာမျိုးကိုဖြစ်​လာတာ။

                   "အဲ့ဒါဆို ကျွန်​​တော်​တို့စာချုပ်​​လေးချုပ်​ထားရ​အောင်​။Mrs.Li နဲ့အလုပ်​လုပ်​ချင်​တဲ့သူ​တွေကတန်းစီ​နေတာဆို​တော့ စာချုပ်​ချုပ်​ထားမှစိတ်​ချရမှာပဲ"

                    "အဲ့လိုလည်းမဟုတ်​ရပါဘူး။စာချုပ်​ချုပ်​ထားမယ်​ဆိုရင်​လည်း အဆင်​​ပြေပါတယ်​။ဒါ​ပေမယ့်​ တစ်​ခု​တော့ရှိတယ်​"

CHAY (​‌ချေ)[Z+U]Where stories live. Discover now