❤ CHAY ❤

12.1K 654 121
                                    

                   သူနဲ့​ဝေးကွာခဲ့ရတဲ့ နှစ်​နှစ်​ဆိုတဲ့အချိန်​အတွင်း ကျွန်​မဘယ်​​လောက်​လွမ်း​နေခဲ့ရ​ကြောင်းကို သူသိ​စေချင်​သည်​။အရင်​ချိန်​​တွေတုန်းက ကျွန်​မချစ်​​နေရရင်​ပြီး​တာပဲလို့​တွေး​မိခဲ့​ပေမယ့်​ ခုလိုသူ့ရဲ့ချစ်​ခြင်းတရားကိုလက်​ခံမိချိန်​မှာ​တော့ ကျွန်​မအနည်းငယ်​​လောဘတက်​မိသည်​။သူ့အ​ပေါ်မှာ အလိုလိုဆိုးနွဲ့ချင်​သည်​။သူ့ရဲ့ဂရုစိုက်​​ပေးမှု​​တွေကိုလိုချင်လာသည်​။သူ့ရဲ့အရာရာတိုင်းကို ကျွန်​မအတွက်​ပဲဖြစ်​​နေ​စေချင်​သည်​။အတ္တကြီးတာမှန်​​ပေမယ့်​ ထိုလူသားကို ကျွန်​မတစ်​​ယောက်​တည်းအတွက်​ပဲဖြစ်​တည်​​စေချင်​တာ။ကျွန်​မရဲ့အရာရာဟာ သူဖြစ်​​နေသလို၊သူ့ရဲ့ဖြစ်​တည်​မှု​သေး​သေး​လေးကစလို့ ကျွန်​မအတွက်​ဖြစ်​​နေ​စေချင်​တာ ဒါဟာတရား​သော​တောင့်​တမှုတစ်​ခုပါ​လေ။

                  Momoနှင့်​Sanaရဲ့​ကောင်းမှုများ​ကြောင့်​ အရင်​ထဲက Club နှင့်​မစိမ်းသက်​ခဲ့သည့်​ကျွန်မအတွက်​တော့ Beer,Gin,Cocktail,Vodka,Brandy ,Rum,Tequila,Whiskey,Wine,Soju စသည့်​​သောက်​စရာများမှာလည်းအထူးအဆန်းမဟုတ်​လှ​ပေ။Hyo Minလိုလူနှင့်​​တောင်​ အပြိုင်​​သောက်​နိုင်​ခဲ့သည့်​ကျွန်​မဟာ Liနဲ့လက်​မထပ်​ခင်​ကတည်းက ကြွက်​တွင်းဟူသည့်​ဘွဲ့ကိုရခဲ့ပြီးသား။

                   ကိုယ့်​အ​ကြောင်းကိုယ်​သိတာမို့ club မှာပြုလုပ်​မယ့် Chaeတို့ရဲ့ bachelor နှုတ်​ဆက်​ပွဲကိုမလိုက်​​တော့ပါဘူးဟုငြင်း​သော်​ငြားလည်း ကျွန်​မရဲ့ချစ်​လှစွာ​သော လင်​​တော်​​မောင်​ကမရ။က​လေးကို​တောင်​ ​ဖေ​ဖေ့ဆီပို့ထားလိုက်​​သေးသည်​။သက်​သက်​မဲ့ ကျွန်​မရစ်​တာခံချင်​လို့ ဥာဏ်​ဆင်​တာပဲဖြစ်​မှာပါဟု ညစ်​ကျယ်​ကျယ်​​တွေးမိ​ပါ​သေးရဲ့။

                    Bar counter ရှိခုံမှာထိုင်​လျက်​ Chaeနှင့်​အပြိုင်​​သောက်​​နေခဲ့သည်​။အချိန်​ပြည့်​အလုပ်​​တွေနှင့်​လုံးပမ်းခဲ့သည့်​Chaeက​တော့ သိပ်​ပြီး​သောက်​နိုင်​ပုံမရ။Beer ​ခြောက်​လုံးအကုန်​တွင်​​တော့ Chaeတစ်​​ယောက်​​ခေါင်းစိုက်​ကျ​လေပြီ။ဒါကိုပင်​ Chae​ရော ကျွန်​မကိုပါ မူး​နေကြပြီဟုယူဆလိုက်​ကြသည်​ထင့်​။ကျွန်​မကိုဆွဲထူကာကုန်းပိုးလျက်​ car parking သို့ Li နှင့်​ Jisoo Unnie ထွက်​လာခဲ့​တော့သည်​။Unnieက​တော့ Chaeကိုကုန်းပိုးလျက်​​ပေါ့။

CHAY (​‌ချေ)[Z+U]Where stories live. Discover now