Epi 27

10K 664 61
                                    

              Narita International ​Air port ကို​ရောက်​တာနဲ့ မမJiအားလိုက်​ရှာမိသည်​။တူမ​လေးအား​တွေ့ချင်​လွန်းလို့သာ Koreaမှာရှိတဲ့အလုပ်​​တွေကိုပစ်​ထားခဲ့ရတာ။စိတ်​​ဖြောင့်​လွန်းလှသည်​​တော့မဟုတ်​။မလုပ်​မဖြစ်​တဲ့တာဝန်​​တွေ​ကြောင့်​ မမJi koreaကိုပြန်​မလိုက်​နိုင်​ဘူးဆိုရင်​​တောင်​ Chaeက​တော့ တူမ​လေးနဲ့Jennieကို​တစ်​ပါတည်း​ခေါ်ပြီး ဟန်းဂုကိုပြန်​မယ်​။

               Purple hairနှင့်​ဖြူလွန်းလှ​သောအသားအ​ရေ​ပေါ်တွင်​လိုက်​ဖက်​ညီစွာ All Blackကိုဝတ်​ဆင်​ထားသည့်​မိန်းမငယ်​​လေးအား Exitနားတွင်​ Chaeအားရပ်​​စောင့်​​နေသည်​ကိုမြင်​​တွေ့လိုက်​ရ၏။ခြေလှမ်းများအား သူရှိရာဆီသို့ဦးတည်​လိုက်​​လေသည်​။

               "Daw Chaeတို့များ မြန်​ချက်​​နော်​"

               မဲ့ရွဲ့ ကာမျက်​​စောင်းထိုးလျက်​​ပြောလာ​သော ချစ်​ရသူအား...

               "ဒါကချစ်​သူကိုဆီးကြိုတဲ့စကား​ပေါ့​လေ ဟုတ်​လား။စားခါနီးမှ လက်​ထဲကမုန့်​ကိုဖြတ်​လုခံလိုက်​ရသလိုပဲ။အ​မောစို့တယ်​"

                "သာလိကာ​မ​လေး...စကားတတ်​တိုင်း"

                "မြန်​မြန်​သွားရ​အောင်​​လေ။တူမ​လေးကို​တွေ့ချင်​ပါပြီ​ဆိုမှ"

                "​အောင်​မ​လေး​နော်​...တစ်​နှစ်​​လောက်​မ​တွေ့ရတဲ့ချစ်​သူကို​ရှေ့မှာထားပြီး​တော့ မ​နေ့တ​နေ့ကမှ​မွေးတဲ့သူ့တူမ​ကိုအဖြစ်​သည်း​နေလိုက်​တာ။ခင်​ဗျား​လေးကတဆိတ်​​လောက်​မလွန်​လွန်း​နေဘူးလား"

                "မလွန်​ပါဘူး မ,ရဲ့။မ,နဲ့က ​သုံးနှစ်​​လောက်​ချစ်​ပြီးပြီ​လေ။တူမ​လေးကကြ​တော့ခုမှစပြီးချစ်​ရတာကို"

                "​သြော်​...တရားကျဖို့​ကောင်းလိုက်​တာ​နော်​။သုံးနှစ်​​လောက်​ချစ်​ပြီးပြီဆို​တော့ ငြိုငြင်​​နေတဲ့သ​ဘော​ပေါ့​လေ"

                "ဟာ...မဟုတ်​ပါဘူး မ,ရယ်​။လာပါ...သွားရ​အောင်​လို့"

                က​လေးတစ်​​ယောက်​လိုဂျစ်​တိုက်​​နေတဲ့ ကိုယ့်​ရဲ့က​လေးဆိုးကြီးအား လက်​​မောင်းမှတွဲချိတ်​ပစ်​လိုက်​လျက်​ ​လေဆိပ်​ထဲမှ​ခေါ်ဆွဲလာခဲ့​တော့သည်​။တစ်​လမ်းလုံးလည်းမျက်​နှာကဆူပုတ်​​နေလျက်​ ကိုယ့်​ကိုလည်းစကားမ​ပြော၊ကားကိုသာဂရုစိုက်​​မောင်း​နေ​လေ၏။အတန်​ကြာ​သော်​အခါ ​ဆေးရုံဝန်းထဲသို့ သူ့ကား​လေးကိုစက်​သပ်​လျက်​ထိုးရပ်​လိုက်​​လေသည်​။

CHAY (​‌ချေ)[Z+U]Tempat cerita menjadi hidup. Temukan sekarang