Epi 5

8.6K 623 18
                                    

ရုံးခန်းထဲ၌ပုံကြမ်းဆွဲ​နေ​သောChaeနှင့့်ဆွဲပြီးသားပုံ​တွေကိုskillကိုက်​တွက်​ချက်​​နေ​သောကျွန်​မတို့အဖို့ကိုယ်​စီအလုပ်​ရှုပ်​​နေ​ပေသည်​။Chaeကိုကြည့်​ပြီးအတိတ်​ကို​တော့သတိရမိသား။ဘာလို့ဆို Chaeက​ဆေးမှတ်​မှီရက်​နဲ့ဒီလိုင်းထဲကိုအတင်းဝင်​ခဲ့တာ​လေ။

အထက်​တန်း​အောင်​​တော့ကျွန်​မက၀ါသနာပါရာ Engineering ပိုင်းကို​ရွေးချယ်​တက်​​ရောက်​ဖြစ်​ခဲ့တယ်​။Chaeက​တော့ကျွန်​မရဲ့ဝါသနာကို​ဖေးမကူညီမည်​ဟုဆိုကာ ဆရာဝန်​လိုင်းဝင်​သည့်​သူ့အမှတ်​ဖြင့်​ Archi ပိုင်းကိုသာတက်​​ရောက်​ခဲ့​တာ။ဒီလိုနဲ့​ကျောင်းပြီး​တော့ကျွန်​မတို့နှစ်​​ယောက်​ အခုလိုconstructionတစ်​ခုကိုတည်​​ဆောက်​ဖြစ်​ကြတယ်​ပဲဆိုပါ​တော့။

"Lisa...Lisa။ဘာ​တွေငိုင်​​နေတာလဲဟ"

"ဒီလိုပါပဲ။ရောက်​တက်​ရာရာ​ပေါ့ အ​ဖောင်းရယ်​"

"ဒါနဲ့ ​မေ​မေ​လေးအ​ခြေအ​နေ​ရောဘယ်​လိုရှိလဲ"

"ငါ​တော့အားမရတာအမှန်​ပဲ။ငါ့အ​မေကိုကု​ပေးတဲ့ဆရာဝန်​ကြီးကအနားယူသွား​တော့သူ့ရဲ့လက်​​ထောက်​ဆရာဝန်​ကိုတာဝန်​​ပြောင်း​ပေးခဲ့တယ်​​လေ။သူကလည်းဟာအခုမှအသစ်​ဆို​တော့စမ်းသပ်​တာနဲ့တင်​အချိန်​ကုန်​​နေတာ။ငါလည်းဘာလုပ်​လို့လုပ်​ရမှန်း​တောင်​မသိ​တော့ဘူး"

"အဲ့ဒါဆိုတစ်​ခြားဆရာဝန်​​ပြောင်းကြည့်​ပါလားဟ။ငါ သူ့ဆီလိုက်​ပို့​ပေးမယ်​​လေ။သူနဲ့ဆိုရင်​အားလုံးပွင့်​ပွင့်​လင်းလင်းလည်း​ပြောဆိုလို့ရတာ​ပေါ့"

"နင့်​ရဲ့ဟိုဆရာဝန်​လား"

"​အေး​လေ။သူလည်းခွဲစိပ်​ဆရာဝန်​တစ်​​ယောက်​ပါဟ။ပြီး​တော့ England က​နေ​တောင်​ဂုဏ်​ပြုလွှာရထားတာ​နော်​"

"အင်း​လေ။နင်​အဲ့​လောက်​​ပြော​နေမှ​တော့​တွေ့ကြည့်​တာ​ပေါ့။လာဟာ...အခုပဲသွားမယ်​။ငါအချိန်​မဆွဲချင်​ဘူး"

"နင့်​ကားထားခဲ့လိုက်​​လေ။ငါနဲ့ပဲတူတူသွားတာ​ပေါ့"

Lisaကို​ခေါ်လျက်​ သူ duty ကျရာ​ဆေးရုံသို့​မောင်းနှင်​လာခဲ့သည်​။ဆေးရုံ​ရောက်​​တော့ သူ့နားချိန်​နဲ့အချိန်​ကိုက်​ကိုပဲ​ရောက်​သွားခဲ့သည်​မို့ပို၍အဆင်​​ပြေရသည်​။သူ့ရုံးခန်းတံခါးကို​ခေါက်​လျက်​ Lisaနှင့်ကျွန်​မအတွင်းသို့ဝင်​လာခဲ့သည်​။

CHAY (​‌ချေ)[Z+U]Kde žijí příběhy. Začni objevovat