အခုမှကျွန်မအဖြစ်က ထောင်လုံးလုံးကျသလိုဖြစ်နေပြီ။ဒီအိမ်ကြီးထဲကနေလည်းဘယ်မှမထွက်ရတာသူနဲ့ယူပြီးကတည်းကပဲ။သူငယ်ချင်းတွေနဲ့တောင်တွေ့ခွင့်မပေးခဲ့ဘူး။လက်ထိပ်မခတ်ခံရတာကလွဲလို့၊ထောင်ဝတ်စုံမ၀တ်ရတာကလွဲလို့၊ထောင်ထမင်းမစားရတာကလွဲလို့ ကျန်တဲ့အချိန်ကထောင်သားတွေထက်ပင်ပိုဆိုးနေသေးတယ်။
ညဆိုလည်းသူပြန်လာတဲ့အချိန်ထိကျွန်မမှာထိုင်စောင့်ပေးရတယ်။ညသန်းခေါင်သူအိပ်ပြီးမှကျွန်မအိပ်ရတယ်။မနက်ဆိုလည်း သူမနိုးသေးခင် အရင်ထပြီးမနက်စာပြင်ဆင်ပေးရသေးတာ။ဒါတောင် သူ့အမုန်းတွေကလျော့မသွား။
ယူခါစအချိန်တုန်းကဆို ကျွန်မထမင်းကောင်းကောင်းမချက်တတ်သေးဘူး။ပထမဆုံးမီးဖိုချောင်ဝင်ဖူးတာဖြစ်တဲ့အတွက် ကျွန်မအတွက်ဘာတစ်ခုကမှလွယ်ကူမနေခဲ့ဘူး။ပထမဆုံးနေ့လည်စာထမင်းဝိုင်းကိုတောင်မှတ်မိနေသေးတယ်။
သူနဲ့မျက်နှာချင်းဆိုင်မှာထိုင်ပြီး ကျွန်မချက်တဲ့ဟင်းကို ကျွန်မကိုယ်တိုင်မစားနိုင်ဖြစ်ခဲ့တဲ့အချိန်ပေါ့။သူကတော့ စားနေလိုက်တာ ဘာမှမဖြစ်တဲ့အတိုင်းပဲ။ဟင်းသုံးမျိုးချက်ပေးလိုက်တယ်။တစ်ခုကငံတယ်၊တစ်ခုကစပ်လွန်းတယ်၊တစ်ခုကတူးသွားတယ်။ဘာမှရစရာမရှိအောင်ပဲ။
"စားလေ...မင်းဘာလုပ်နေတာလဲ။မင်းချက်တဲ့ဟင်းကိုငါတောင်စားနိုင်သေးတာပဲ။မင်းကပိုပြီးစားနိုင်ရမှာပေါ့။အေး...ကောင်းကောင်းစားတတ်ရင် ကောင်းကောင်းချက်တတ်အောင်လုပ်ထား"
အဲ့လိုမျိုးသူ့အပြောကိုခံပြီးတဲ့နောက်မှာပဲ ထမင်း၊ဟင်းကိုအကောင်းဆုံးချက်နိုင်အောင်ကျွန်မအများကြီးလေ့လာခဲ့ရတာ။ခုတော့ချက်ရေးပြုတ်ရေးမှာအဆင်ပြေနေပါပြီ။
YOU ARE READING
CHAY (ချေ)[Z+U]