Epi 17

10.8K 715 96
                                    

"Lisa! ညကြရင်​Clubသွားရ​အောင်​"

"ဟမ်​...ဘာလဲ နင့်​မမနဲ့ရန်​ဖြစ်​ထားလို့လား"

"မဟုတ်​တာ။ငါတို့ကရန်​ဖြစ်​ဖို့အချိန်​ကိုမရှိတာ ဟီးဟီး"

"အာ့ဆိုဘာလို့သွားမှာလဲ? ရုံးမှာအလုပ်​​တွေပြည့်​​နေတာကို"

"သန်​ဘက်​ခါကြရင်​ သူကJapanသွားမှာ​လေ။အဲ့ဒါငါတို့စုံပြီးတစ်​၀ိုင်း​ကျွေးချင်​လို့တဲ့။နင်​လိုက်​မယ်​မလား"

"​အေး​ပေါ့​လေ။ကျွေးမယ့်​ဒကာရှိ​တော့လည်းလိုက်​ရတာ​ပေါ့"

"Jennieကိုပါ​ခေါ်လိုက်​​လေ"

Lisaအကြည့်​က Chaeဆီသို့'စူးခနဲ'​ရောက်​ရှိ​လေ၏။Chaeတစ်​​ယောက်​က​တော့ ဘာမှမဟုတ်​သည့်​အတိုင်း အလုပ်​စားပွဲ​ပေါ်ကစာရွက်​​တွေကိုဟိုလှန်​ဒီလှန်​နှင့်​။Lisaမှာ​တော့ ယမ်းပုံ​ပေါ်မီးကျသွားသည့်​အတိုင်းပင်​။

"သူ့ကိုပါ​ခေါ်ချင်​တယ်​ဆိုရင်​​တော့ငါမလိုက်​ဘူး Daw Chae။သူငယ်​ချင်းဖြစ်​တဲ့ငါနဲ့ သူနဲ့၊နင်​ဘယ်​သူ့ကို​ခေါ်မလဲ​ရွေးလိုက်​"

"အာာ...."

Chae ​ခေတ္တမျှစဉ်းစားဟန်​ပြုလိုက်​​လေပြီး

"အဲ့ဒါဆိုရင်​​တော့လည်း နင့်​ကိုပဲ​ခေါ်ရ​တော့မှာ​ပေါ့။သူ့ခမျာသနား​တော့သနားပါတယ်​ဟာ။တစ်​​နေ့တစ်​​နေ့ နင့်​ရဲ့​ဝေယျာဝစ္စ​တွေနဲ့ပဲအချိန်​ကုန်​​နေရတာ။နင်​နည်းနည်း​လောက်​​တော့ သူ့အ​ပေါ်..."

"ကဲ...နားငြီးတယ်​ဟာ။ညကြရင်​လည်းClubသွားမယ်​​ပြော​သေးတယ်​။အလုပ်​​တွေကိုပြီး​အောင်​လုပ်​ထားမှ​ပေါ့။မနက်​ဖြန်​လည်း ဒီညအရှိန်​နဲ့ရုံးတက်​နိုင်​မှာမဟုတ်​ပဲနဲ့။လုပ်​စရာရှိတာလုပ်​"

"​ဟောက်​စားမ!!"

Chaeကို မျက်​​စောင်းတစ်​ချက်​ပိတ်​ထိုးပစ်​လိုက်​​​တော့သည်​။Jennie Kimဆိုတဲ့မိန်းမ​ပေါ်လာပြီးကတည်းက Chaeနဲ့လည်းအရင်​လိုအဆင်​​ပြေ​ပြေ​မ​နေရ​တော့ဘူး။သူ့​ကြောင့်​နဲ့ပဲ Chaeနဲ့အမြဲတကြပ်​ကြပ်​ရန်​ဖြစ်​​နေရ​တော့တာ။

CHAY (​‌ချေ)[Z+U]Where stories live. Discover now