Epi 22

9.7K 708 133
                                    

                 သူ့ကို​ကျောခိုင်းထားခဲ့လျက်​ သူ့အိမ်​ထဲက​နေ​ပြေးထွက်​လို့လာခဲ့သည်​။မဟုတ်​ဘူး...သူ့အိမ်​ထဲက​နေတင်​မကဘူး သူ့ဘ၀ထဲက​နေပါ​ပြေးထွက်​လာခဲ့တာ။လောကမှာ​ပေးတဲ့သူကဘယ်​​လောက်​​ပေး​ပေး ယူတဲ့သူကလက်​ခံမှ'အ​ပေးအယူ'ဆိုတဲ့​နိယာမတစ်​ခုကပြီး​မြောက်​တာပါ။အဲ့လိုပဲသူ့အနားမှာဘယ်​လိုပဲကပ်​​နေပါ​စေ ကာယကံရှင်​ဖြစ်​တဲ့သူကိုယ်​တိုင်​ကနှင်​ထုတ်​​နေမှ​တော့လည်း မျက်​နှာ​ပြောင်​တိုက်​ပြီးဆက်​​နေဖို့ကျွန်​မမှာအင်​အားမရှိခဲ့ဘူး။

                  ရှည်​လွန်းလှတဲ့ခြံထဲက​လျှောက်​လှမ်းရှည်​ကြီးက ဒီ​နေ့ကျမှတို​တောင်းလွန်း​နေသလို။ကျွန်​မဘယ်​​လောက်​​တောင်​​ပြေးလိုက်​မိလို့လဲမသိ။မျက်​ရည်​စက်​လက်​နဲ့ခြံပြင်​ထိ​ပြေးထွက်​လာခဲ့တဲ့ကျွန်​မ။မျက်​၀န်းအိမ်​တို့မှာအပူစီး​ကြောင်းတို့ရဲ့ဒဏ်​​ကြောင့်​ ပတ်​၀န်းကျင်​ကို​တောင်​သဲကွဲ​စွာမမြင်​နိုင်​ခဲ့။အကြားအာရုံဟာလည်း'ရွံဖို့​ကောင်းတဲ့မိန်းမ'ဟူ​သောသူ့အသံကသာကြီးစိုးလို့ထားပြန်​တယ်​။တစ်​စုံတစ်​​ယောက်​ရဲ့​ခေါ်သံကို​တောင်​ ကျွန်​မကြားနိုင်​စွမ်းကသတိမပြု​ပေးခဲ့ဘူး။

                "Jennie!...Jennie! အရမ်းမ​ပြေးနဲ့​လေ"

                ရုတ်​တရက်​​ဆောင့်​ဆွဲခံလိုက်​ရခြင်းနှင့်​အတူကျွန်​မ​ခြေလှမ်းများရပ်​တန့်​လို့သွား​လေသည်​။

                 "ထင်​တယ်​...Jennieနဲ့Hyo MinကိုCoffeeဆိုင်​မှာတွဲပြီး​တွေ့လိုက်​ကတည်းက Lisaကပုံမှန်​မဟုတ်​​တော့တာ"

                အသံပိုင်​ရှင်​သို့ဖျတ်​ခနဲ​မော့ကြည့်​မိသည်​။စိုးရိမ်​မှုအပိုင်းအစ​တွေလွှမ်းခြုံထားတဲ့Chaeyoungရဲ့မျက်​နှာက ကျွန်​မရဲ့မျက်​ရည်​​တွေကြားဝိုးတ၀ါးသာထင်​ဟပ်​လာ၏။

                 "Chae,မမJiစီကိုလိုက်​သွား​တော့ Lisaကလိုက်​ပို့​ပေးတယ်​​လေ။ဆေးရုံနားကCoffeeဆိုင်​လည်း​ရောက်​​ရော Jennieတို့ကို​တွေ့သွားတာပဲ။အဲ့ဒီ့အချိန်​ထဲကLisaကတရှူးရှူးတရှဲရှဲဖြစ်​​နေတာ။ပြီး​တော့ Chaeကို မမJi​ပြောပါတယ်​၊Jennieမှာကိုယ်​၀န်​ရှိ​နေတယ်​ဆို"

CHAY (​‌ချေ)[Z+U]Where stories live. Discover now