Epi 11

10K 694 58
                                    

               မိုး​ရေ​တွေစိုရွှဲ​နေတဲ့ခန္ဓာကိုယ်​​သေး​သေး​လေးကိုချီခဲ့လျက်​ အိပ်​ခန်းထဲရှိ သူ့ကုတင်​​​အ​သေး​လေး​​ပေါ်တွင်​တင်​​ပေးလိုက်​​လေသည်​။စို​နေတဲ့အင်္ကျီ​တွေကို အ​ပေါ်ထပ်​ကုတ်​အင်္ကျီက​နေ၊​အောက်​မှာခံဝတ်​ထားတဲ့တီရှပ်​အထိတစ်​ဆင့်​ချင်းချွတ်​​ပေးလိုက်​​လေ၏။မြင်​​နေရတဲ့ Bodice အနက်​က​လေး​ကို​တော့ Lisaမထိရဲ။

                 ကိုယ့်​မှာဘာလုပ်​လို့ဘာကိုင်​ရမှန်းမသိ။ချွတ်​လည်းမချွတ်​​ပေးရဲ။ကိုယ်​မှမချွတ်​​ပေးရင်​လည်း ဒီအစိုကြီးနဲ့မဖြစ်​ပြန်​ဘူး။မဖြစ်​​တော့တဲ့အဆုံး ချွတ်​​ပေးဖို့သာလုပ်​ရ​တော့တယ်​။ဒီငတိမက​တော့ ဘယ်​သိမှာလဲ။သတိကရတစ်​ချက်​၊မရတစ်​ချက်​နဲ့ကိုး။အ​ပေါ်ပိုင်း​တောင်​အဲ့​လောက်​ခက်​ခဲ​နေရင်​ ​အောက်​ပိုင်းသာဆိုရင်​​တော့....

                   ဗလာကျင်း​နေတဲ့ Jennie ရဲ့အ​ပေါ်ပိုင်းကို​စောင်​ဖြင့်​ဖုံးထားလျက်​ Lisaလက်​တို့က​အောက်​ပိုင်းသို့​ရွှေ့လျားလာကုန်​၏။Jeanအနက်​​လေးကိုချွတ်​​ပေးလိုက်​သည်​အထိအဆင်​​ပြေ​နေပါသည်။ထို့​နောက်​​စောင်​ကိုဆွဲချ​​ပေးလျက်​၊မျက်​နှာကို​မော့ကာ ကိုယ့်​ရဲ့လက်​​တွေကိုသာအမြန်​ခိုင်း​စေရ​လေသည်​။ဒီမှာတင်​ပြီးပြီလားဆိုရင်​​တော့ဖြင့်​ မပြီး​သေး....

                   သူ့ဗီရိုကိုဖွင့်​ကာ ည၀တ်​အင်္ကျီနှင့်​အ​နွေးထည်​တစ်​ထည်​၊​အောက်​ခံအင်္ကျီအပြည့်​အစုံတို့ကိုယူရ​ပြန်​တယ်​။ချွတ်​ပြီးပြီဆို​တော့လည်း ပြန်​​တော့ဝတ်​​ပေးရဦးမှာ​ပေါ့။ချွတ်​တုန်းက​စောင်​အုပ်​ပြီးချွတ်​​သလို ၀တ်​​တော့လည်း​စောင်​အုပ်​ပြီးပဲဝတ်​​ပေးရမယ်​။

                *​တောက်​!...ငါကွာ။ဥုံဖွမန်းပြီးဝတ်​​ပေးလို့ရရင်​ ဘယ်​​လောက်​​ကောင်းလိမ့်​မလဲ*

                  Bodiceကိုကိုင်​ပြီး ဘယ်​လိုဝတ်​​ပေးရင်​​ကောင်းမလဲ စဉ်းစားရတာအ​မော။မထူးပါဘူး​လေ။သူလည်းဒါ ကိုယ်​လည်းဒါပဲ။အ​အေးပတ်​ပြီးမ​သေခင်​ မြန်​မြန်​၀တ်​​ပေးလိုက်​တာပဲ​ကောင်းတယ်​။စောင်​ကိုဆွဲချ၊Bodiceကို Jennieအ​ပေါ်​နေရာတကျတင်​​ပေးပြီးလက်​ထိုး​စေလိုက်​တယ်​။နောက်​​တော့သူ့ကိုဆွဲထူကာ ကိုယ့်​ပခုံး​ပေါ်မှီ​စေရပြန်တယ်။ဒါမှလည်း​နောက်​ကလစ်​လပ်​​နေတဲ့ချိတ်​​တွေကိုတပ်​​ပေးလို့ရမှာကိုး။

CHAY (​‌ချေ)[Z+U]Tahanan ng mga kuwento. Tumuklas ngayon