Epi 29

12.2K 757 120
                                    

                  Uncle Kim ဆီကမျက်​ရည်​​ပေါက်​ကြီးငယ်​နဲ့ပြန်​ခဲ့ရတဲ့ည​နေခင်းမှာလည်း Niကိုလိုက်​ရှာ​နေခဲ့မိသည်​။ကိုယ့်​ရဲ့ညံ့ဖျင်းမှု​ကြောင့်​ သူ,ဘယ်​​တွေသွားတတ်​သလဲ၊ဘာ​တွေလုပ်​တတ်​သလဲဆိုတာကို သူနဲ့ရှိခဲ့စဉ်​အချိန်​ထဲကဘာတစ်​ခုမှမသိခဲ့ရဘူး။လိုက်​သာရှာ​နေရတယ်​၊ကိုယ့်​မှာ​ဦးတည်​ရမယ့်​​နေရာရယ်​လို့တိတိကျကျရှိမ​နေ။

                  အ​တွေးထဲဝင်​လာသည်​က 'ဘိုးဘွား​စောင့်​​ရှောက်​​ရေးစင်​တာ'ပင်​ဖြစ်​သည်​။ထို့​ကြောင့်​ကားကိုဦးတည်​ချက်​​ပြောင်းလဲ၍ ထို​နေရာသို့ထွက်​ခွာလာခဲ့သည်​။ဒီ​နေရာဟာလည်း သူနဲ့ကိုယ့်​ရဲ့များများစားစားမရှိခဲ့တဲ့အမှတ်​တရထဲကတစ်​ခုသာ။

                   မ​ရောက်​တာကြာပြီဖြစ်​တဲ့ ဒီ​ကျောင်းဝန်း​လေးထဲကို​ခြေချမိသည်​နှင့်​​ပြောင်းလဲတိုးတက်​လာသည့်​အ​ဆောက်​အဦး​တွေကိုခံစားမိသည်​။အ​ဆောက်​အဦး​တော်​​တော်​များရဲ့ကဗ္ဗည်းထက်​မှာ Park Chaeyoung နှင့်​ Lalisa ဟူ​သောအမည်​နာမကအခန့်​သား​နေရာယူ​ထား​လေသည်​။ကိုယ်​စတင်​ခဲ့တဲ့ဒီအလုပ်​​တွေကို ကိုယ်​မရှိလည်းChaeကဆက်​လက်​ပြီးတာဝန်​ယူ​ပေး​နေဆဲပဲကို။သူငယ်​ချင်း​ကောင်းလို့ကြားလိုက်​ရုံနှင့်​ Chaeမျက်​နှာကိုသာ​ပြေးမြင်​ရသည်​အထိပင်​။

                   စင်​တာထဲ​ရောက်​​တော့ လုပ်​အား​ပေးအသင်းဝင်​ဖြစ်​တဲ့ HyunAကို​တွေ့ရ​လေသည်​။အကျိုးအ​ကြောင်း​ပြောပြပြီး 'ဒီကိုNi​ရောက်​လာ​သေးလား'လို့​မေးကြည့်​မိ​တော့ ကိုယ်​​လိုချင်​တဲ့အ​ဖြေမျိုးမရ။'သူမလာတာကြာပြီ​လေ။အရင်​နှစ်​​တွေတုန်းက​တော့​ဆေးဝါးလာလှူ​သေးတယ်​။ဒါ​ပေမယ့်​ ​နောက်​ပိုင်း​တော့သူ​ရောက်​မလာ​တော့ဘူး'ဟုသာ​ပြောပြ​လေသည်​။ဒီ​နေရာလည်းမဟုတ်​ခဲ့ပြန်​ပါဘူး။

                   သူနဲ့ပတ်​သက်​တဲ့​နေရာ​တွေကိုစဉ်းစားကြည့်​လိုက်​​တော့ Uncle Kimရယ်​၊​စောင့်​​ရှောက်​​ရေးစင်​တာရယ်​၊​သူ့သူငယ်​ချင်းနှစ်​​ယောက်​ရယ်​၊နောက်​ပြီး Hyo Minရယ်​အပြင်​တစ်​ခြားမရှိ။ဟုတ်​တယ်​...သွားရမယ့်​​နောက်​ထပ်​တစ်​​နေရာရှိ​နေ​သေးတယ်​။ဒါဟာ Hyo Minဆီပဲ။လွန်​ခဲ့တဲ့သုံးနှစ်​​လောက်​ကအမှတ်​မထင်​၀င်​လာခဲ့တဲ့ဖုန်းတစ်​လုံးဆီသို့ဆက်​သွယ်​လိုက်​ရ​တော့သည်​။ဒီတစ်​ခါ​တော့ ကိုယ့်​ဘက်​ကချိန်းဆိုရမည့်​အလှည့်​​ပေါ့။လွတ်​လွတ်​လပ်​လပ်​​ပြောဆိုလို့ရမည့်​Barတစ်​ခုသို့သာချိန်းဆိုလိုက်​ရသည်​။

CHAY (​‌ချေ)[Z+U]Where stories live. Discover now