Epi 26
9.3K 655 59
                ခွဲစိပ်​ခန်းထဲတွင်​အသီးသီး​နေရာယူထားကြသည့်​ ခွဲစိပ်​ဆရာဝန်​တစ်​ဦးနှင့်​လက်​​ထောက်​ဆရာဝန်​နှစ်​ဦးတို့သည်​ အသီးသီးအလုပ်​ရှုပ်​လျက်​ရှိကြ​လေ၏။ခွဲစိပ်​ကုတင်​​ပေါ်တွင်​လဲ​လျောင်းလျက်​ရှိသည့်​သားဖွားလူနာတစ်​ဦးအား ဓားထက်​ထက်​ဖြင့်​ကျွမ်းကျင်​ပိုင်​နိုင်​စွာသားဖွား​ပေး​နေသည့်​ ခွဲစိပ်​ဆရာဝန်​ဟူ​​သောဂုဏ်​ပုဒ်​အား​ရွှေ​ရောင်​တင်​​နေသည့်​ Doctor Jisoo Kim။မွေးလူနာအား ​မေ့​ဆေး​ပေးထားသည့်​အ​ခြေအ​နေဖြစ်​တာ​ကြောင့်​ ၀မ်းဗိုက်​သားတို့အား ခွဲစိပ်​ရလွယ်​ကူ​စေသည်​။
                Operation roomရဲ့အ​ရှေ့မှာ​တော့ ​ကောင်​မ​လေးနှစ်​​ယောက်​က ​ခြေမကိုင်​မိ လက်​မကိုင်​မိအ​ခြေအ​နေနှင့်​၊ထိုင်​မရ ထမရဆိုသလို။လက်​နှစ်​ဖက်​ကိုမီးပွင့်​မတတ်​ပွတ်​တိုက်​လျက်​ အခန်း​ရှေ့တွင်​ကူးလူး​သွားလာလျက်​ရှိ​လေ၏။ပါးစပ်​မှလည်း ဘာ​တွေ​ရေရွတ်​​နေသည်​မသိ။
                နာရီဝက်​မျှအချိန်​ကုန်​လွန်​​လေပြီး​သော်​ ခွဲစိပ်​ခန်း၏တံခါးလွှာနှစ်​ချပ်​ကပွင့်​၍လာကုန်​၏။ဝတ်​စုံအစိမ်းနှင့်​ခွဲစိပ်​ဆရာဝန်​တို့သည်​လည်းအသီးသီးထွက်​လာကြ​လေသည်​။လက်​​ထောက်​ဆရာဝန်​နှစ်​ဦးတို့သည်​ ​ကောင်​မ​လေးနှစ်​ဦးအား​ဖော်​​ရွေစွာပြုံးပြလျက်​ထွက်​ခွာသွားကြ​လေသည်​။နောက်​ထပ်​ဆရာဝန်​တစ်​ဦးထွက်​လာသည့်​အခါတွင်​​တော့....
               "Unnie...ဘယ်​လိုလဲဟင်​! ​မွေးပြီလား"
               အ​ပြေးတစ်​ပိုင်းနှင့်​ပြာပြာသလဲ​မေးလာသည့်​​ကောင်​မ​လေးအား ချိုသာ​သောအပြုံးနှင့်​တုံ့ပြန်​လျက်​...
               "အင်း...​မွေးပြီ။မိန်း​က​လေး"
               "ဟားဟား...တူမ​လေးရပြီကွ"
CHAY (​‌ချေ)[Z+U]Where stories live. Discover now