Epi 6
8.6K 632 30
              လတစ်​လ၏နောက်​ဆုံးရက်​ဖြစ်​တာမို့ စင်​တာရှိလူအားလုံး ကိုယ်​စီအလုပ်​ရှုပ်​​နေကြ၏။ငွေစာရင်းစစ်​သူကစစ်​၊​ဆေးဝါးမှာယူသူကမှာနှင့်​တစ်​​ယောက်​မှအားတယ်​လို့မရှိ​​အောင်​ပင်​လုံးပမ်းလျက်​ရှိသည်​။ထိုထဲတွင်​ Chaeနှင့်​Lisaလည်းအပါအ၀င်​ဖြစ်​​လေသည်​။
              တာဝန်​ခံ​ဆေးမှူးက လိုအပ်​​သော​ဆေးဝါး​ပစ္စည်းများကိုဝယ်​ယူ​ပေးရန်​ Lisaအား ​ဆေးအမျိုးအမည်​များကိုမှာကြား​နေ​ပေ၏။စာရွက်​တစ်​ရွက်​နှင့်​ကိုယ်​မကျွမ်းဝင်​​သော ​ဆေးဝါးများကိုလိုက်​လံမှတ်​ယူ​နေရသည်​။
              "Chae...ငါ အပြင်​ခဏသွားရဦးမယ်​"
              "ဘယ်​သွားမို့လဲ။ငါလိုက်​ခဲ့ရမလား"
              "​ဆေးသွားဝယ်​မို့။B12ကုန်​​နေပြီဆိုလို့။နင်​က​တော့​နေခဲ့လိုက်​ဟာ။ငါသွားပြီ"
             "B12၊B12၊B12။ဒါနဲ့B12မရရင်​​ရော ငါကဘာဝယ်​သွားရမှာပါလိမ့်​"
             "အမယ်​​လေး...တုံးလိုက်​တာရှင်​။B12မရရင်​ B6ကိုနှစ်​ခါဝယ်​သွား​ပေါ့။ရှင်း​နေတာကို"
             လမ်းရဲ့​ထောင့်​ချိုးခုံမှာ​​နောက်​​ကျော​ပေးထိုင်​​နေ​သော​ကောင်​မ​လေး​သုံး​ယောက်​အား​တွေ့ရ​လေ၏။ကျွန်​မရှိရာဘက်​သို့လှည့်​လာ​သော သူမ....
             "ဟာ...မင်း။ငါ့ကိုလာ​လှောင်​​နေတာလား"
             "ဘယ်​မှာ​လှောင်​လို့လဲ။ရှင်​မသိတာကို ကျွန်​မက​ပြောပြတာ​လေ။ကျေးဇူး​တောင်​တင်​ရမယ့်​ဟာကို"
             "မင်းက​လေ ငါ့ကိုရည်​ရွယ်​ချက်​ရှိရှိနဲ့ကိုအ​နှောင့်​အယှက်​​တွေ​ပေး​နေသလိုပဲ။မင်းက ငါ့အတွက်​​တော့တကယ့်ကို့​ဂြိုလ်​ဆိုးပဲ"
             "​တောက်​!! အဲ့ဒီ့ဂြိုလ်​ဆိုးကရှင့်​ဘ၀ကိုဘယ်​​လောက်​​နှောင့်​ယှက်​နိုင်​မလဲဆိုတာကို ရှင်​မကြာခင်​သိရလိမ့်​မယ်​"
CHAY (​‌ချေ)[Z+U]Where stories live. Discover now