နံရံကပ်ဗီဒိုကို..ဆွဲဖွင့်လိုက်တော့..အထဲမှာရှိနေတာက..ခပ်နွမ်းနွမ်းအဝတ်အစားများ
သာ..။ သို့သော်..ရီပေါ်..ဆွဲထုတ်လိုက်သော..အကျီတစ်ထည်ကြောင့်..ယွမ်ရှု..
ကိုယ့်မျက်လုံးကိုပင်မယုံနိုင်..။

ထို့ကြောင့်..ထိုအကျီအားလက်ညှိုးငေါက်ငေါက်ထိုးကာ..အသံကျယ်ကျယ်နှင့်..

"ရီပေါ်..ဒါက..Sir အကျီမဟုတ်ဘူးလား...."

"ဟုတ်တယ်လေ...မွေးနေ့တုန်းက..
တောင်းလိုက်တာ...သားတို့ကျောင်းကိုလာ
တုန်းက..ဝတ်တယ့်အကျီလေ..."

ယွမ်ရှု..ခေါင်းကဆံပင်အချို့ကိုတောင်ဆွဲနှုတ်လိုက်မိသည်..။ဒီကောင်လေးက..တ
ကယ်မလွယ်ဘူးပဲ..၊ Sirကိုယ်လုံးတောင်
လူနှစ်ယောက်လောက်ဝင်အောင်းလို့ရနေတာ

ရီပေါ့်လို..ကလေးလေးက..ဒီအကျီကိုဝတ်မယ်လို့တော့..မပြောနဲ့..။
ဒါက..ယုတ္တိမတန်ဘူး..။

သို့သော်..ရီပေါ်ကသူ့ရှေ့မှာပင်..ထိုဆွယ်တာခေါင်းစွပ်လေးအား..ဝတ်ချလိုက်တာမို့...ယွမ်ရှုရယ်သံက..ထိန်းမနိုင်..၊သိမ်းမရ..။

"ဟမ်..ဟား..ဟား...ဟား..
ရီပေါ်လေး...ရာ..ဟား..ဟား.."

မရီဘဲနေမလား..။
ထိုအကျီက..ရီပေါ်..ခြေသလုံးထိရောက်နေကာ..လည်ပင်းအနည်းငယ်ကျယ်တာမို့
ပုခုံးတစ်ဖက်က..ပေါ်နေသေးသည်..။

လက်ချောင်းလေးများကတော့..အကျီလက်ထဲနစ်မြုပ်နေပြီး..ကို့ယို့ကားယားနဲ့
တော်တော်လေးကိုကြည့်ရဆိုးသည်..။

"ဦးလေးက..ဘာလို့ရီနေတာလဲ..
ညအိပ်ဝတ်အကျီဆိုမှတော့..
ခုလို..ပွပွလေးမှကောင်းတာလေ.."

ယွမ်ရှု..ရီနေရင်း..ချက်ချင်းပင်ရုပ်တည်
သွားကာ..ရီပေါ်အားတအံ့တ​သြကြည့်လိုက်ပြီး..

"ဘာရယ်..ညအိပ်ဝတ်အကျီ..."

"အင်းလေ.."

"Sir..ကြားရင်ဖြင့်သွေးတတ်သွားမှာ..
ကျိန်းသေတယ်.."

"ဦးလေး..ယွမ်ရှုကလဲ..ဒီအချိန်မှာ..သားပိုင်သွားပြီလေ..၊ ဘာလုပ်လုပ်
ဘယ်သူမှ..ပြောလို့မရဘူး.."

"ထားလိုက်ပါ...စာတွေဘာတွေလဲကျက်အုံး..၊ ပေးထားတယ့်ကတိကိုတည်အောင်
လုပ်..ကတိတည်ရင်လဲ..ကြိုက်တာတောင်းလို့ရတယ်..."

....."Xiao Oo Oo".....{{ COMPLETED }}Where stories live. Discover now