ကိုယ့်အတွေးနဲ့ကိုယ် စိတ်ကလွင့်နေတုန်း
ကားဟွန်းသံ ကျယ်ကျယ်ကို
ကြားလိုက်ရတော့ လန့်သွားရသည်...
ဘယ်ကကားလဲဟု ကြည့်လိုက်တော့

" ဟင်...ကိုကို..."

ကားက ကျွန်တော့ဘေးတွင် ရပ်လိုက်ကာ
မှန်တံခါးက ကျလာပြီး...

" တက်..."

ဆိုသည့် အမိန့်ဆန်ဆန် စကားလုံးက
ထွက်လာသည်....

" ဗျာ..."

ဟု ကားတံခါးနားကိုကပ်ကာ
ပြန်မေးလိုက်တော့

" ကားပေါ်ကို တက်လို့ပြောတာ...
မတက်ဘူးလား..."

ကြည့်...ကိုကိုက အမြဲတမ်းအဲ့လိုပဲ
ကျွန်တော့ကိုဆိုရင် ဘယ်တော့မှ
စိတ်မရှည်ဘူး...

ဒီလိုလိုက်ပို့မှာပဲဟာကို မနက်က
ကျွန်တော်နှိုးကတည်းက ထပါတော့လား...
ကျွန်တော့ကို တမင်အနိုင်ကျင့်တာ...

ပထမတော့ ကိုကို့ကို
သတိရနေရာကနေ
တကယ်လည်း တွေ့လိုက်ရော
စိတ်က ဘယ်လိုဖြစ်သွားမှန်းကို မသိဘူး...
ကိုကို့ကို စိတ်ကောက်ချင်စိတ်တွေ
ဖြစ်လာသည်...

" ရတယ်...Baekဘာ့သာ သွားမယ်..."

ဟုပြောလိုက်တော့

" တကယ်လား...သွားရဲလို့လား..."

ဟု ကျွန်တော့ကို သွေးတိုးစမ်းသလို
မေးလာသည်ကြောင့်...

" သွားရဲတယ်..."

ဟု ပြန်ပြောလိုက်လေသည်...

" အိုကေလေ...အဲ့ဒါဆို ငါသွားပြီနော်..."

ဆိုကာ ကားမောင်းထွက်ရန်
လုပ်နေသည်ကို...

" ခုနက ဟိုကိုကြီးက
လိုက်ပို့ပေးရမလားလို့ မေးနေတာကို...
လိုက်ပို့ပေးလို့ ပြောလိုက်ရမှာ..."

ဆိုပြီး ကိုကိုကြားလောက်မည့်အသံဖြင့်
ကိုယ့်ဘာ့သာကိုယ် ရေရွတ်သလို
ပြောလိုက်တော့ ကိုကို့အကြည့်က
ကျွန်တော့ဆီကို ဒိုင်းခနဲဆို
ရောက်လာသည်...ဘာကြောင့်မှန်းမသိ
ကျွန်တော့လက်ဖျားတွေ
အေးစက်သွားသလို ခံစားလိုက်ရသည်...
ကိုယ့်ဘာ့သာပြောပြီး
ကိုယ့်ဘာ့သာပြန်ကြောက်နေရသည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now