64 🤣

10.8K 1K 147
                                    

( Zawgyi )

ကျွန်တော် ကားစက်နှိုးကာ
အိမ်ပေါက်ဝတွင် စောင့်နေလိုက်သည်...
ခဏကြာတော့ အိမ်တံခါးကိုဆွဲဖွင့်ကာ
ပိုးတုံးလုံးကလေး လိမ့်လိမ့် လိမ့်လိမ့်နှင့်
ထွက်လာသည်...အသည်းယားလိုက်တာကွာ

ကားပေါ်ကိုရောက်ရောက်ချင်း
ပိုက်ဆံအိတ်ကို ကျွန်တော့ကိုပေးသည်ကြောင့်

“ ယူထားလိုက်...”

ဟုပေးတော့ စကားပြန်မပြောဘဲ
ကျွန်တော့လက်ထဲကို ပိုက်ဆံအိတ်ကို
အတင်းထိုးထည့်ပေးနေသည်....

သူ့ကိုမချော့သေးဘဲ သူပေးတာကိုလည်း
မယူဘဲ ကားကို မောင်းကာ
ခြံထဲကနေ အရင်ထွက်လိုက်သည်...
အိမ်နဲ့တော်တော်လေးလှမ်းသွားမှ
ကားကို လမ်းဘေးကိုထိုးရပ်လိုက်ကာ

ထိုင်ခုံခါးပတ်ကိုလည်းမတပ်ဘဲ
ထိုင်ပြီးစိတ်ကောက်နေသည့် ငတိလေးအား
ချော့ရတော့သည်....

ကားစက်ကိုပါ သပ်ကာ
ကားကိုရပ်လိုက်တော့မှ ဘာဖြစ်တာလဲ
ဆိုပြီး လှည့်ကြည့်လာလေသည်....

သူ့ဘက်ကိုလှည့်လိုက်ကာ
ထိုင်ခုံခါးပတ်ကိုတပ်ပေးရန်
သူ့နားကိုကပ်လိုက်တော့ မျက်နှာကို
မှန်ဘက်ကိုလှည့်သွားလေသည်...
ကျွန်တော့ကိုမခေါ်ဘူးပေါ့....

အဲ့တော့ ကျွန်တော်လည်း ဘယ်ရမလဲ
ထိုင်ခုံခါးပတ်ကို ယူသလိုလိုနဲ့ သူ့ရဲ့
ပါးအိအိလေးကို ဖိနမ်းပစ်လိုက်တာပေါ့....

အနမ်းခံလိုက်ရတော့မှ သူ့ပါးလေးကို
သူအုပ်ကာ ကျွန်တော့ကိုမျက်မှောင်လေး
ကျုံ့ပြီး လှည့်ကြည့်လာတော့သည်….

တော်သေးတယ်...
အခုမှပဲ လှည့်ကြည့်တော့တယ်...

“ ဘာတွေ စိတ်ကောက်နေတာတုန်းကွာ...
ဘာလဲ လုံးတစ်လို့ ခေါ်လို့လား...”

ဟုမေးလိုက်တော့
စောင့်ကြီးအောင့်ကြီးနှင့်

“ ဟုတ်တယ်....”

ဟု ပြန်ဖြေလာသည်...

“ အဲ့ဒါ ကိုယ်က ချစ်လို့
အသည်းယားလို့ ခေါ်တာလေ....
မကြိုက်ဘူးလား....”

ဟုမေးလိုက်တော့ နှုတ်ခမ်းက
ချွန်ထွက်လာကာ မျက်လုံးကို
မှိတ်ထားသည်....ဒါသူ မကျေနပ်ဘူး
ဆိုသည့်အဓိပ္ပာယ်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now