16 🙈

12.4K 1.3K 119
                                    

[ Zawgyi ]

ရေချိုးပြီးထွက်လာတော့
သူက နိုးနှင့်နေပြီး ခုတင်ပေါ်တွင်
ငုတ်တုပ်ထိုင်နေကာ သူ့ဘာ့သာသူ
ဘယ်ရောက်လို့ ရောက်နေမှန်းမသိဘဲ
ကြောင်တောင်တောင်နှင့် လိုက်ကြည့်နေရင်း
ကျွန်တော့ကိုလည်း တွေ့ရော...

" ကိုကို...Baek ကို
မုန်းသွားပြီလားဟင်..."

ဟု စောင်စကို သူ့လက်ဖြင့်
လုံးထွေးနေရင်းနှင့် လာမေးနေလေသည်...
ဘာလေးမှန်းကို မသိဘူး...

" နိုးရင်လည်း သွားတော့..."

" ကိုကို Baek ကိုမုန်းသွားပြီပေါ့..."

မျက်နှာလေးကို ငယ်ထားကာ
သူ အားလျော့သွားပြီဆိုသည့်ရုပ်
လုပ်ပြနေသည်...

" နောက်တစ်ခေါက်ဆိုရင်တော့
သေချာတယ်..."

ဟု ပြောလိုက်တော့

" ဟင်...အဲ့ဒါဆို
အခုမမုန်းသေးဘူးပေါ့နော်...
ဟုတ်လား ကိုကို..."

ဆိုကာ ခုတင်ပေါ်ကနေ
အတင်းဆင်းလာပြီး
ကျွန်တော့လက်မောင်းကို
လာခိုကာ မေးနေလေသည်...

ငုံ့ကြည့်လိုက်တော့ ကျွန်တော့
လက်မောင်းကိုသူ့ပါးလေး
အပ်ထားကာ မျက်လုံးများက
မှိတ်တုပ် မှိတ်တုပ် လုပ်ပြနေသည်...

ဘာရုပ်လေးတုန်း...
ကောက်ထုပစ်ချင်စရာလေး...

" ဒီတစ်ခေါက်တောင် သနားလို့နော်...
နောက်ကို ငါမကြိုက်တာကိုလုပ်ရင်
အာမ မခံဘူး..."

ထိုကဲ့သို့ ပြောပြီးပြီးချင်းမှာပင်
ခေါင်းကို တစ်ဇတ်ဇတ်နှင့် ညိတ်ပြကာ

" ကိုကို မကြိုက်တာကို
Baek ထပ်မလုပ်ပါဘူး...
ဒါပေမယ့် ကိုကိုက မကြိုက်ဘူး
ဆိုတာလေးတွေရှိရင် ပြောပြထားလေနော်...
အခုလည်း ကိုကိုက အဲ့ကိုကြီးနဲ့
မတည့်ဘူးဆိုတာကို Baekက
သိမှမသိဘဲ ကိုကိုရဲ့..."

သူ့အမှားမဟုတ်ဘူးဆိုတာကို
တစ်ဖြည်းဖြည်းနှင့် ပြောပြချင်နေသော
ပြောပြရန် ကြိုးစားနေသော
အီးပေလေးအား

" အဲ့တော့ အခုကိစ္စက ငါမှားတယ်လို့
မင်းက ပြောချင်တာလား..."

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀जहाँ कहानियाँ रहती हैं। अभी खोजें