[ Zawgyi ]
" သားလေး...ဘယ်လိုနေသေးလဲ...
နေကောင်းသွားပြီလား..."
အိမ်ရှေ့က ဧည့်ခန်းမှာငုတ်တုပ်ထိုင်ကာ
မာမီတို့နှင့် Video Call ပြောနေသည့်
ခွေးပေါက်...
အအေးပတ်မှာစိုးလို့ အနွေးထည်လေး
ဝတ်ပေးထားသည့်အပြင်
စောင်ပါ ထပ်ခြုံပေးထားသည်ကြောင့်
စောင်ပုံထဲမှာ ငုတ်တုပ်ထိုင်နေသည့်
ခွေးပေါက်လေးက အသည်းယားစရာလေး
ဖြစ်နေသည်...
" ဟုတ်...နည်းနည်းတော့
ကိုယ်ပူသေးတယ်တဲ့ ကိုကိုက..."
အံမယ် မသိရင်
သူကိုယ်ပူနေသေးတာကို
ကျွန်တော်ကပဲ လုပ်ကြံပြီး
ပြောထားသလိုလို...မာမီ့ကို
လှမ်းချွဲနေတာ အီးပေ...
" သားရဲ့ ကိုကိုရော...."
ဟု မာမီက မေးတော့
" ကိုကိုက သားအတွက်
ဆန်ပြုတ်ကြီး သွားပြုတ်နေတယ်..."
ကြည့်...သူမစားချင်တာကြတော့
ဆန်ပြုတ်ကြီးတဲ့...ပြောပစ်လိုက်တာ
အားကြီးနဲ့...
" ဟုတ်လား...သားကိုကိုနဲ့
ပြောချင်လို့ တီတီ့ကို ခေါ်ပေးပါဦး..."
ဟု မာမီက ပြောလိုက်တော့...
" ဟုတ်...ကိုကိုရေ ကိုကို့။
ခဏလောက်လာပါဦး...
တီတီက ကိုကိုနဲ့ ပြောချင်လို့တဲ့..."
ဟု ကျွန်တော့အား လှမ်းခေါ်လာသည်...
ဆန်ပြုတ်အိုးကို မီးတစ်ချက်ပိတ်လိုက်ကာ
ဧည့်ခန်းဆီကို သွားလိုက်သည်...
သူ့ဘေးနားလေးကို ဝင်ထိုင်လိုက်ကာ
သူ့လက်ထဲက ဖုန်းကလေးကို ယူလိုက်ပြီး
မာမီနှင့် စကားပြောလိုက်သည်...
" ဟုတ် မာမီ...လမ်းခရီး
အိုကေတယ်မလား..."
" အေး ပြေပါတယ်။
သားငယ်တို့ရော အဆင်ပြေရဲ့လား။
ကလေး နေကောင်းပြီဆိုရင်
မာမီတို့ဆီ လိုက်လာခဲ့လေ..."
" ဟင်...တီတီ တကယ်ပြောတာလား...
သားလိုက်လို့ရလား..."
ဟု ဘေးနားက စောင်ပုံထဲကနေ
သူ့ကိုခေါ်တာကြားတော့
လှုပ်လှုပ်ရွရွဖြစ်လာကာ
ထမေးလေသည်...
" မင်းသာ အရင် နေကောင်းအောင်
လုပ်ပါဦး...သူဖြင့် နေတောင် အရှင်း
မပျောက်သေးဘဲနဲ့ လိုက်ချင်နေတယ်..."
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...
