[ Zawgyi ]
“ တာ့တာ...”
ထိုစကားနှစ်လုံးတည်းကို
ကျွန်တော့အား ပြောကာ
ကားပေါ်ကနေ ဆင်းသွားသည့် ပုစိ...
စိတ်ကောက်သွားတယ်ပဲ ဆိုကြပါစို့...သူပြောသလို သူ့ကို
သင်တန်းအခန်းရှေ့ထိရောက်အောင်
လိုက်မပို့၍ နှုတ်ခမ်းက
ဆူချင်ချင်ဖြစ်နေကာ အခု
ကားပေါ်ကနေဆင်းတော့
ကျွန်တော့အား ပြီး ပြီးရော
ပါးစပ်ကနေသာ တာ့တာ ဟု ပြောပြီး
ကားပေါ်ကနေ ဆင်းသွားသည်...ဘာမှကို မပြောလိုက်ရပါဘဲ
ကားတံခါးကို စောင့်ပိတ်သွားပြီး
ဘောက်ဆတ်ဘောက်ဆတ်နှင့်
ဆင်းသွားသည့် လုံးတစ်ကို
အနောက်ကနေ ပြေးပြေးပြီး
ဖင်တွေချည်းပဲ ကန်ပစ်ချင်သည်...သူကသာ ထပ်ချွဲပြီး
လိုက်ပို့ခိုင်းကြည့်ပါလား...
ကျွန်တော်က လိုက်မပို့ဘဲနေပါ့မလား...
အဲ့ဒါကို အခုတော့
ဘာမပြောညာမပြောနှင့်
စိတ်ကောက်သွားပြီ...ကားကို အရိပ်ရသည့်
တစ်နေရာတွင် Parkingထိုးလိုက်ကာ သင်တန်းမျက်နှာချင်းဆိုင်က
ကော်ဖီဆိုင်ထဲသို့ ဝင်ပြီး
သင်တန်းဆင်းမည်အ့ချိန်ကို
စောင့်နေလိုက်သည်...သူသင်တန်းပြီးသည့်အချိန်ထိ
ထိုင်စောင့်ကာအရှုပ်တွေကို
ရှင်းရဦးမည် မဟုတ်ပါလား...တစ်နာရီကျော်ကျော်လောက်
ရှိလောက်သည့်အချိန်တွင်
ငဂျုံနှင့်ငဆယ်ကကားကိုယ်စီနှင့်
ကျွန်တော့ဆီ ရောက်လာကြသည်...
ဆိုင်ထဲဝင်လာပြီး သောက်စရာများကို
ကိုယ်စီမှာလိုက်ကြပြီး“ ဟျောင့်...အခြေအနေ...”
ဟု ငဆယ်က Sunglassကို
ချွတ်လိုက်ရင်းမေးလာသည်...
နှုတ်ခမ်းတစ်ချက်ရွဲ့ကာ ပြန်ပြုံးပြရင်း...“ သူကိုယ်တိုင်တော့
ပေါ်မလာသေးဘူး...
သူ့လူတွေဆိုတာတော့ သေချာတယ်..."" အဲ့တော့ မင်းအခုဘာလုပ်ဖို့
စဉ်းစားထားလဲ..."ဟု ငဂျုံက မေးလာသည်ကို
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...