67 😔

10.2K 1K 269
                                    

( Zawgyi )

အိမ်ရှေ့ဧည့်ခန်းတွင် အားလုံးစုံမိကြစဉ်
အားလုံးဆိုသည့်အထဲတွင် ဒယ်ဒီမပါ ပါ...
ဒယ်ဒီက သူ့ညီရှိရာ America ကို
သွားလည်နေတာကြောင့် ဒယ်ဒီအိမ်တွင်
မရှိတာ တစ်ပတ်ကျော်ကျော်လောက်တောင်
ရှိနေပြီ....

ကျွန်တော်ဆင်းလာတော့ ကိုကြီးက

“ ငယ်လေး ဘာစားမလဲ....
ဘာစားချင်လဲ...”

ဟု အိပ်ရာထခါစ ကျွန်တော့ကို
ကလေးသဖွယ် မေးလာသည်...
ကျွန်တော်က ဘာမှပြန်မဖြေတော့

“ ဗိုက်မဆာဘူးလား....”

ဟု ထပ်မေးလာသည်ကြောင့်

“ ဆာတယ်....”

ဟု ပြန်ဖြေလိုက်တော့ ကိုကြီးက
မီးဖိုချောင်ထဲက ကလေးမလေးတွေကို
လှမ်းခေါ်လိုက်ကာ ထမင်းနည်းနည်း
ကြော်ခိုင်းလိုက်သည်....

ကြက်ဥနှစ်လုံးကို အနှစ်မကျက်စေရန်
ကြော်ကာ ပန်းကန်သပ်သပ်နှင့်
ယူလာခိုင်းလိုက်သည်....

ထိုကဲ့သို့ ကိုကြီးက ကောင်မလေးတွေကို
မှာနေတုန်း ကိုလေးက

“ ဆာမှာပေါ့... ကလေးကို
စွတ်အော်နေတာကိုး....”

ဟု ပြောလာသည်ကြောင့်

“ သားက စိတ်တိုတာကိုး...”

“ စိတ်တိုတိုင်း အော်လိုက်တော့
အခု ဟိုကလေး ဘယ်လိုဖြစ်သွားလဲ...
မင်းနော်....မင်း...အခုလိုမျိုးတွေ
ကြပ်ကြပ်လုပ်....

ဒဏ်ရာရလာတဲ့ကလေးကို
မင်းကပါ အော်ဟစ်ဆူပူလိုက်တော့
ကလေးကဘယ်လောက်တောင်
ကြောက်သွားလဲတော့မသိဘူး...
မေ့တောင်သွားတယ်....

စိတ်ဒဏ်ရာကိုပါ မင်းကပေးနေတာ...
ကလေးကို နွေးနွေးထွေးထွေး
ဖေးဖေးမမလေး ဆက်ဆံမယ်မရှိဘူး....”

“ သူက သားပြောတာမှ နားမထောင်တာ...”

“ သွားတဲ့ အကြောင်းအရင်းကိုရော
ငယ်လေးသိလို့လား...ပြော...
သူကိုယ်တိုင်တောင် ဘယ်တော့မှ
အဲ့အိမ်ကို မပြန်တော့ဘူးလို့
ပြောနေတဲ့ ကလေးက ဘာလို့
တစ်ယောက်တည်း အဲ့အိမ်ကို ပြန်တာလဲ
ဆိုတာကို အေးအေးဆေးဆေး
မေးကြည့်ဖို့ရော စိတ်ကူး မရှိဘူးလား....”

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now