6 🌴

12.8K 1.3K 55
                                    

[ Zawgyi ]

" အာ ဟုတ်သားပဲ...
တံခါးဖွင့်လိုက်မယ်နော် ကိုကို..."

ဟု ပြောကာ ခြံတံခါးကို ဖွင့်ပေးသည်...
တံခါးပွင့်သွားသည့်အသံကြားတာကြောင့်
တံခါးကိုတွန်းဖွင့်လိုက်ပြီး ခြံထဲကို
ဝင်သွားတော့ မျက်စိထဲတွင်
ထင်းနေသည့် ခြံထဲက
ဒန်းအဖြူရောင်လေးကို
အရင်ဆုံးတွေ့လိုက်ရသည်....
ဒါသူ့ရဲ့ဒန်းလေးများလား မသိဘူး...

" ကလေးကလား ဒန်း တဲ့...."

ဟု​ပြောကာ အိမ်တံခါးကိုဖွင့်ပြီး
အထဲကို ထပ်ဝင်သွားလိုက်တော့
အရင်ဆုံးတွေ့လိုက်ရသည်က
ဧည့်ခန်းတွင် အခန့်သားထိုင်နေကြသည့်
ယောင်္ကျားတစ်ယောက်နှင့်
မိန်းမတစ်ယောက်...

ကျွန်တော့ကိုမြင်တော့
သူတို့အိမ်ကို ဘာလာလုပ်တာလဲဆိုသည့်
အကြည့်နှင့် ကျွန်တော့ကိုလာကြည့်နေကြပြီး

" ဘာကိစ္စရှိလို့လဲ မသိဘူး..."

ဟု ထိုနှစ်ယောက်ထဲမှ ယောကျာ်းဖြစ်သူက
ကျွန်တော့အား လှမ်းမေးလာသည်...

" Baekလေးကို လာခေါ်တာပါဗျ..."

ဟု ပြန်ဖြေလိုက်တော့

" သြော် ဟိုအိမ်ကကိုး...
အင်း ကြုံတုန်းမို့ တစ်ခါတည်း
မေးလိုက်ဦးမယ်...
သူက ဒီကို ပြန်လာဦးမှာလား...
အစီအစဉ် ရှိသေးလား..."

မေးတဲ့ပုံကို ကြည့်ရတာ
ဒယ်ဒီတို့ပြောထားဖူးသည့်
ဟိုကလေးကို ဒုက္ခပေးတဲ့နှစ်ယောက်
ဖြစ်ဖို့များသည်...

ပြောလိုက်ရရင်တော့
မကောင်းဖြစ်တော့မယ်...
သူများအိမ်ပေါ်လည်း
တက်နေသေးတယ်...
ပြန်လာဦးမှာလားလည်း လာမေးနေတယ်...
ပြန်လာမယ်ဆိုရင် ဘာလုပ်မလို့လဲ...
ပြန်မလာဘူးဆိုရင်ရော...
တကယ် အာရုံလာနောက်နေတယ်...

" ဘာဖြစ်လို့လဲမသိဘူး...
ဒါက သူ့အိမ်ဆိုတော့
သူပြန်လာချင်တဲ့အချိန်
ပြန်လာမှာပေါ့ အစ်ကို...
ဒါပေမယ့် စိတ်မချရရင်တော့
ကျွန်တော်ကိုယ်တိုင် လိုက်လာပြီး
ဒီမှာ နေချင်ရင် နေမှာပါ...."

ဟု ပြောလိုက်သောအခါ
ကျွန်တော်ပြောချင်သည့်အဓိပ္ပါယ်ကို
သူ သဘောပေါက်သည့်အတွက်
ကျွန်တော့အား ချက်ချင်း
ခွန်းတုံ့ပြန်ကာ မေးလာပြန်သည်...

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now