( Zawgyi )“ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးက
တောကစားထွက်တယ်တဲ့...
တောကစားထွက်တယ်ဆိုတာကို သိလား..."ဟုမေးလိုက်တော့ ခေါင်းလေးညိတ်ပြကာ
" အကောင်လေးတွေကို
လိုက်သတ်တာလေ..."အေးကောင်းရော....
သူပြောမှ ရှင်းသွားတာပေါ့...." အကောင်လေးတွေကို
လိုက်ဖမ်းတာပါကွာ...."" ဟင်.... မဟုတ်ဘူးလေ....
သူက မြားတွေနဲ့ပစ်ပြီးတော့ ပြီးရင်လည်း
ပြန်မှမလွှတ်ပေးတာကို အဲ့ဒါသတ်တာပေါ့..."ဆရာထက် သားတစ်လကြီးနေတဲ့
ထိုခွေးပေါက်နှင့် ပြိုင်မငြင်းတော့ဘဲ" အေးအေး ဟုတ်တယ်....
သတ်တာကွာ...သတ်တာ ဟုတ်ပြီလား...
သူ့ဖြေရှင်းနေတာနဲ့ ပြောမယ့်ပုံပြင်တောင်
ဘယ်ရောက်သွားမှန်းမသိဘူး....
မပြောတော့ဘူး...သွား..."ဟု စိတ်ပေါက်ပေါက်နှင့်ပြောလိုက်တော့
သူက မျက်နှာချိုသွေးကာ"ဟီးးးးးးဟီးးးးးး
Baek ဘာမှ ထပ်မပြောတော့ဘူးလေ...နော်
ပြောပြပါ ကိုကိုရဲ့...."ဟု ကျွန်တော့နားကို တိုးလာကာ
ချွဲလာသည်ကြောင့်" အဲ့လို တောကစားထွက်ရာကနေ
သူ့လက်ကဒဏ်ရာရသွားတယ်တဲ့...""အဲ့ဒါနဲ့ နန်းတော်ကိုပြန်ရောက်တော့
သမားတော်ကြီးကို သူကကုခိုင်းတယ်...
သူ့လက်ကိုဆေးကုနေတဲ့အချိန်မှာ
ဘုရင်ကြီးက မေးတယ်တဲ့....
သူ့လက်က ပြန်ကောင်းမယ်မလား
ဆိုပြီးတော့တဲ့...သမားတော်ကြီးက
Good ? Bad ? Who khows ?
ဆိုပြီး ပြန်ဖြေလိုက်တယ်တဲ့...တစ်ဖြည်းဖြည်းနဲ့ အနာကမသက်သာလာလို့
ဘုရင်ကြီးက သမားတော်ကြီးကို
ထပ်မေးတယ်တဲ့...
ငါ့လက် ပြန်ကောင်းမယ်မလားတဲ့...အဲ့အချိန်မှာလည်း သမားတော်ကြီးက
Good ? Bad ? Who knows ?
ဆိုပြီးပဲ ဖြေတယ်တဲ့....ဒါပေမယ့် နောက်ထပ်
ရက်နည်းနည်းကြာတော့
သူ့လက်သန်းက ပိုးဝင်ပြီး
ဖြတ်လိုက်ရတယ်တဲ့....”“ ဟယ်.... “
“ဘုရင်ကြီးက အရမ်းစိတ်ဆိုးပြီး
သမားတော်ကြီးကို အကျဉ်းချ
ထားလိုက်တယ်တဲ့...
ထောင်ချတာကိုပြောတာ....
နားလည်လား....”
YOU ARE READING
ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀
FanfictionChanyeol - ကိုယ် မနူးညံ့တတ်ပေမယ့် မင်းကို တကယ်ချစ်တာ ယုံ.... Baekhyun - ကိုကို့ပြောသမျှ အမြဲတမ်း " ဟုတ်ကဲ့ " လုပ်ခဲ့တာပဲကို Baekကို ကိုကိုအနိုင်ကျင့်လို့ ...