4 🌳

12.5K 1.3K 112
                                    

[ Zawgyi ]

မနက်ပိုင်း ဆေးရုံမသွားခင်
အမြဲတမ်း လုပ်ရသည့်အလုပ်တစ်ခုက
သားငယ်လေးအခန်းထဲသို့ဝင်ကာ
သူ့ကို နှိုးရခြင်းပင်...

ပြောလို့ပြောတာမဟုတ်
သားငယ်လေးတွင်
အကျင့်ကောင်းလေးတစ်ခုရှိသည်...

ငယ်ငယ်လေးကတည်းက
သူ့ကို အိပ်ရာထရန် ဘယ်တော့မှ
ကြမ်းကြမ်းတမ်းတမ်း မနှိုးရပေ...

သူ့ဆံပင်လေးကို ခေါင်းပေါ်သို့
သပ်တင်ပေးလိုက်တာမျိုးဖြစ်ဖြစ်
မှောက်အိပ်နေသည့် သူ့ကျောကုန်းလေးကို
ပွတ်ပေးလိုက်တာမျိုးလေးဖြစ်ဖြစ်
နိုးလာတတ်သည်...

နိုးလာသည့်အခါတွင်လည်း
နဖူးလေးကို ငုံ့ကာနမ်းပေးမှသာ
မျက်လုံးကို ဖွင့်ကြည့်သည်...

သို့သော် လာမနှိုးမချင်းတော့
ဘယ်တော့မှမထပေ...
ပေတေပြီး အိပ်ရာထဲတွင်
အိပ်ချင်ယောင်ဆောင်နေလေ့ရှိသည်...
ထို့ကြောင့် အလုပ်မသွားခင်
အမြဲတမ်းသူ့ကို သွားသွားနှိုးရသည်...

အခုလည်းကြည့်လေ....
ဖက်လုံးက ခုတင်အောက်တွင်
ပြုတ်ကျနေကာ လူကတော့
စောင်ကိုခွပြီး တစ်ခြမ်းစောင်း
အိပ်နေသည်...

ခေါင်းကဆံပင်လေးကို
သပ်တင်ပေးရင်း နှိုးလိုက်တော့
ချက်ချင်းကို နိုးလာကာ
မျက်လုံးကို ဖွင့်မကြည့်ဘဲ
လူကိုပြုံးပြနေသည်....

" ကဲ...သားငယ် ထတော့...."

စကားတစ်ခွန်းမှ ပြန်မပြောဘဲ
သူ့နဖူးကို လက်ညှိုးဖြင့် ထိုးပြကာ
နမ်းခိုင်းသည်....

ငုံ့ကာနမ်းပေးလိုက်တော့
မျက်လုံးလေးကို လက်နှင့်ပွတ်ကာ
ဆံပင်တွေက ထိုးထိုးထောင်ထောင်နှင့်
ထထိုင်လာသည်....

" ကဲ ထတော့နော်...
လူကြီးတွေက အကုန်ပြီးနေပြီ...
မနက်စာစားရအောင်
မြန်မြန်ပြင်ပြီး လာခဲ့တော့..."

ဟု သူ့ပါးလေးကို ညှစ်ကာ
ပြောခဲ့ပြီး ထွက်လာခဲ့သည်...
ခဏကြာတော့ အပေါ်ထပ်ကနေ
မျက်မှန်အဝိုင်းလေးကိုတပ်ကာ
Toben ကိုခေါ်ပြီး ဆင်းလာသည်...
ထမင်းစားပွဲကိုရောက်တော့...

" ဒယ်ဒီ...မုန့်ဖိုး..."

ဟု ဖေဖေ့ဆီမှ မုန့်ဖိုးတောင်းကာ
မေမေ့ပါးအား တစ်ချက်နမ်းလိုက်ပြီး
အစ်ကိုနှစ်ယောက်ကြားက
ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်....

ကိုကိုလူဆိုး ( Z + U ) 🍀 Complete 🍀Where stories live. Discover now