ကျွန်တော် သိတာပေါ့... သူ busကို မစီးတက်မှန်း... သူ တစ်ခါမှလည်း busမစီးဖူးဘူးလေ... ဒါကြောင့်ပဲ ကျွန်တော် တမင် bus စီးဖို့ ရွေးလိုက်တာလေ...

အရင်နေ့တွေကတော့ ကျွန်တော် taxiနဲ့ပဲ သွားတာပါ... busကတော့ တစ်ခါစီးဖူးပါတယ် Soyouနဲ့ အတူပေါ့...

"ငါ့ဟာငါ ဘာပဲစီးစီးပေါ့... စကားသိပ်မများနဲ့... နားသိပ်ငြီးလာရင် ထားပစ်ခဲ့လိုက်မယ်... တိတ်လိုက်တော့..."

ကျွန်တော် ပိတ်အော်ပစ်လိုက်တော့ ဘေးနားကနေပွစိပွစိလုပ်နေတဲ့သူ ပါးစပ်တိခနဲ ပိတ်သွားလေရဲ့...

"လာ ကားလာပြီ...."

စီးရမယ့်ကားလာတော့ သူ့လက်ကို ဆွဲပြီး ကားပေါ်တက်လိုက်တဲ့ ကျွန်တော့်နောက်ကို သူ ကြောင်တောင်တောင်နဲ့ ပါလာ၏...

မနက် ကျောင်းချိန် ရုံးချိန်ဖြစ်တာနဲ့ အညီ ကားကလည်း ကြပ်သည်...

တဖြည်းဖြည်းပိုများလာတဲ့ လူတွေကြောင့် သူ့မျက်နှာလည်း တဖြည်းဖြည်း စူပုတ်လာသည်...

Bus စီးရမှာ မကြိုက်ဘူးမလား... နည်းနည်းလောက် ဒုက္ခခံကြည့်လိုက်စမ်းပါ Minhoရာ....

"မျက်နှာကြီးက ဘာဖြစ်နေတာလဲ...."

ကျွန်တော့်ဘေးမှာ ရပ်နေတဲ့ သူ့ကို မော့ကာ စောင်းငဲ့ကြည့်ရင်း မေးသည်ကိုလည်း ပြန်မဖြေတဲ့ သူ့ကို ကြည့်ပြီး ကျွန်တော် ရယ်ချင်လာသည်...

"ပြုံးစိစိ လုပ်မနေနဲ့ ဒီကိုလာ..."

"ဟမ်...."

သူ့ဘေးမှာ ရပ်နေတဲ့ ကျွန်တော့်ကို ဆွဲယူကာ သူ့ရှေ့ရပ်စေလိုက်တာမို့ ရုတ်တရပ်ကြောင်သွားသည်...

အခုအနေထားက ကျွန်တော်သည် သူ့ရင်ခွင်ထဲရောက်နေကာ... ကျွန်တော့်ရှေ့တွင်တော့ ခုံရှိနေသည်....

သူ့လက်တစ်ဖက်ကတော့ ကားလက်ကိုင်ကွင်းကို ကိုင်ထားပြီး... ကျန်လက်တစ်ဖက်ကတော့ ကျွန်တော့် ခါးပေါ်တင်ထားလေရဲ့...

သူ့ကို မော့ကြည့်တော့ ဘာမှမသိသလိုပုံစံမျိုးနဲ့... ကျွန်တော်ကသာ ထိုအခြေအနေမှာ မဟားတရားကို ရင်တွေခုန်နေခဲ့တာ... အသက်တောင် ကောင်းကောင်းမရှူရဲခဲ့...

Ex- [Zawgyi/Unicode]Where stories live. Discover now