EXTRA❤

5.1K 258 5
                                    

ကောင်းကင်​ရံ၌ ​နေညိုချိန်​မို့ တိမ်​လွှာတို့က
အ​ရောင်​အ​သွေးစုံလင်​လျှက်​။
ကွန်​ဒိုဝန်းထဲသို့ ဝင်​လာ​သော အဖြူ​ရောင်
ဇနမ်​ခံကား​လေးက မင်္ဂလာ​ဆောင်​ကား
ဖြစ်​မည်​ထင်​သည်​။
ပန်း​ရောင်​နှင့်​အဖြူပိတ်​လွှာတို့အား
ရောကာ ကား၏ ​နေရာအနှံ့ချည်​ထားသည်​။
ကား ဘမ်​ပါတွင်​ အသဲပုံပန်းစည်းကြီးအား
ချည်​ထားလျှက်​။

ထိုကား​လေးက သူ့​နေရာတွင်​သူ
ပါကင်​ထိုးပြီး​သော်​ ကားထဲမှထွက်​လာ​သော
သူနှစ်​ဦး။ ထိုနှစ်​ဦးမှာ Jungkook
နှင့်​ Tae ပင်​။

ကားထဲကထွက်​ထွက်​လာချင်း Tae ကို
မချီကာ ပုခုံးတွင်​ထမ်းလိုက်​​သော​ကြောင့်
Tae ထ​အော်​​လေသည်​။

"ဟာ...Kook ချ...​လေး​နေမှာ​ပေါ့"

ပြော​နေရင်း ချ​ပေးရန်​ ရုန်း​နေ​လေ​တော့
Jungkook Tae ၏ မက်​မွန်​သီးသား
တစ်​ဖက်​ ဖြန်းခနဲရိုက်​လိုက်​ကာ။

"ကိုယ်​ Tae တင်​ပါး​လေးကို မကိုက်​စား
စေချင်​ရင်​ ငြိမ်​ငြိမ်​​နေ"

ပြော​လဲ​ပြောလိုက်​​ရော ပုခုံး​ပေါ်က
ထမ်း​ခေါ်ခံထားရ​သော Tae ​လေးမှာ
ချက်​ချင်းကို ငြိမ်​သက်​သွားတာ​ကြောင့်
Jungkook ပြုံးမိသည်​။

ထမ်း​ခေါ်လာရင်းနှင့်​ပင်​ သူတို့ကို
လက်​ဖွဲ့ထား​သော တိုက်​ခန်းဆီသို့
ရောက်​လာခဲ့​လေပြီ။
ထိုအခါမှ Tae ကိုချ​ပေး​လေသည်​။
ဒါ​တောင်​ Tae မက်​မွန်​သီး​လေးအား
တစ်​ချက်​ ဖြန်းခနဲမည်​​အောင်​ထပ်​ရိုက်​​သေးသည်​။

"Kook! ဘယ်​လိုဖြစ်​​နေတာလဲ"

"Sorry...ကိုယ်​မက်​မွန်​သီးတအားစားချင်
နေလို့"

Tae မှာတစ်​ချက်​​ကြောင်​​တောင်​​တောင်
လေးဖြစ်​သွားကာ။

"စားချင်​ရင်​​ကျွေးမှာ​ပေါ့..မနက်​ဖြန်
ကျွေးမယ်​​လေ"

ထိုစကား​ကြောင့်​ Jungkook ခွီကနဲ
ရီချချင်​သည်​ကိုမနည်းထိန်းထားရသည်​။

"မရဘူး ကိုယ်​ကအခုစားချင်​​နေတာ"

"မိုးချုပ်​​နေပီ​လေ Kook ရဲ့..
ညဘက်​ အသီးစား​တော့ ရင်​ကျပ်​မှာ​ပေါ့"

DEAR FRIEND// TK ✔Hikayelerin yaşadığı yer. Şimdi keşfedin