Chapter(15)

3.1K 305 24
                                    

၅ ရက်​......။
၅ရက်​​လောက်​ကြာသွား​သော်​ ထိုနာကျင်​မှု
အား ​မေ့​ပြောက်​သ​လောက်​ပင်​ရှိ​နေပြီ။

ကိုယ့်​နှလုံးသားကိုယ်​နားမလည်​နိုင်​၍
မေးချင်​​နေ​သော ​မေးခွန်းများမှာ
တစ်​စီတစ်​တန်းကြီး။

ဘယ့်​နဲ့။ နှလုံးသားက Hani အ​ပေါ်ကို
တစ်​ခါ​တောင်​မခုန်​ဖူးပဲ Tae ရဲ့အပြုအမူ
နေထိုင်​ပုံ​လေးများကိုပင်​ ရင်​ထဲလှိုက်​ကနဲ
ခုန်​ခုန်​နေသည်​မှာ အဘယ်​​ကြောင့်​နည်း။

ရန်​ခုန်​တိုင်းအချစ်​မဟုတ်​...
ရင်​မခုန်​လဲ အချစ်​ဖြစ်​နိုင်​သည်​ဟု
ပေါ့ဆဆ ​တွေးခဲ့မိ​သော သူ့အ​တွေးများပင်
မှား​လေသလား။

သူတကယ်​တန်းချစ်​မိ​နေတာ
ဘယ်​သူလဲ။

နက်​နက်​နဲနဲစဉ်းစားပြန်​လဲ ပို၍ပင်
ရှုပ်​​ထွေးလာသ​ယောင်​​ယောင်​။
သူဒီအ​ဖြေကိုထုတ်​ရမည်​။

ယောင်္ကျား​လေးအချင်းချင်းချစ်လဲ
အချစ်​ပဲဆိုတာဖြစ်​နိုင်​​တာလား။
အချစ်​မှာ မျက်​စိမရှိဘူး ဆိုတဲ့
စကားက မှန်​သည်​ဟုပင်​​ပြောရမည်​လား။

တကယ်​တန်းစဉ်းစားမည်​ဆိုပြန်​​သော်​လည်း
အ​ဖြေကိုသူမသိပါ။
သူသိရင်​​တော့ ဒီတစ်​ခါ လက်​ခံ​ကောင်း
လက်​ခံနိုင်​ရဲ့။

အ​တွေးများလွင့်​​မြော​နေရင်း အမဲသားနှပ်
ဟင်းအား ပန်းကန်​ထဲ ယူထည့်​လိုက်​သည်​။
နောက်​ထပ်​ဟင်းတစ်​ခုယူရန်​ကြည့်​လိုက်
တော့ ဘာဟင်းမှမကျန်​​တော့​ပေ။

သူ​တွေး​နေရင်းထည့်​လာတာ
သူ့ပန်းကန်​ထဲတွင်​ ဟင်း​တွေပင်​ တစ်​ပုံ
ကြီးဖြစ်​​နေ​လေပြီ။

မတတ်​နိုင်​ဘူး..။ နှ​မြော​တော့လဲ
မကုန်​ကုန်​​​အောင်​စားရမှာ​ပေါ့။

ထမင်းပန်းကန်​အားသယ်​လာလျက်
ကန်​တင်းရှိခုံတစ်ခုံ​တွင်​​နေရာယူလိုက်
သည်​။

Tae က ဒီ​နေ့ ကန်​တင်းမလိုက်​​တော့ဘူး
ဆို၍ အတန်းထဲတွင်​သာ​နေခဲ့​သော​ကြောင့်
Jungkook တစ်​​ယောက်​ထဲလာခဲ့ခြင်း။

DEAR FRIEND// TK ✔Where stories live. Discover now