Chapter(25)

4.3K 268 44
                                    

"Kook ဘာယူမလဲ"

"Tae ကြိုက်​တာသာ​ရွေးပါ..ကိုယ်​ကအဆင်​​ပြေတယ်​"

လက်​ထက်​လက်​စွက်​လာ​ရွေး
နေကြခြင်းပင်​။ Tae က လက်​စွမ်​နှစ်​မျိုး
အားသူ့လာပြကာ ​မေး​နေခြင်း​ကြောင့်
ချစ်​သူ၏ သ​ဘောအတိုင်းဟုပြန်​​ပြေလိုက်​သည်​။

အခုဆို Jungkook ​ဆေးရုံကဆင်းလာသည်​မှာ
၁ ပတ်​ရှိသွားပြီ။ ​ဆေးရုံကဆင်းတာနဲ့
Hoseok အား Tae နှင့်​သူ လက်​ထပ်​မည်​ဟု
တဂျီဂျီနှင့်​ ဂျီတိုက်​ထားကာ ပိုက်​ဆံထုတ်
ခိုင်းရာမှ အခု​လောက်​​ကဲ့သို့​တော်​ရာကျသည်​။
ကိုယ်​ကအမြန်​ယူချင်​​နေသည်​ကို သူက
ဘာမပြင်​ဆင်​ပဲနဲ့ ညာမပြင်​ဆင်​ပဲနဲ့
နေမ​ကောင်း​သေးပဲနဲ့ ဆိုကာ
နောက်​အပတ်​​လောက်​မှ လုပ်​ခိုင်းသည်​​လေ။

Jungkook မှာ မိဘများမရှိ​တော့ပါ။
ထို့​ကြောင့်​ သူအလယ်​တန်း​ကျောင်းသား
အရွယ်​ကထဲက သူ့အကိုနှင့်​သာ
တူတူ​နေလာခဲ့သည်​။

"Tae ​ရွေးတာလှတယ်​မလား"

သူ​ရွေးထား​သော Platinum ​ဘောင်
ကွပ်​ထား​သော စိန်​လက်​စွပ်​​လေး
ကိုလှပြ​တော့ မျက်​လုံးထဲမှာ ထိုဒီဇိုင်းက
အလှဆုံးဖြစ်​​နေခဲ့သည်​။

"အင်း​ပေါ့ Tae ရဲ့..ကိုယ့်​ရဲ့ Fashion King
လေးပဲဟာ"

"ခိခ်...."

သ​ဘောကျစွာ တခစ်​ခစ်​ရယ်​သွား​လေ
သော Tae မှာ သူ့အတွက်​​တော့
အသာယာဆုံး​နေ့တစ်​​နေ့ကိုဖန်​တီး​ပေး
လိုက်​​လေပြီ။

ကျသ​လောက်​ပိုက်​ဆံရှင်းကာ
ထို လက်​ထပ်​လက်​စွပ်​ဆိုင်​​လေး
မှထွက်​လာခဲ့သည်​။

မင်္ဂလာပွဲအား သန်​ဘက်​ခါကျင်းပ
မည်​ဟု စီစဉ်​ထားသည်​။ ဖိတ်​စာ
တို့ကိုလဲ ​ဝေပြီးသွား​လေပြီ။

ချစ်​သူနှစ်​ဦး၏ မင်္ဂလာ​ဆောင်​မှာ​တော့
လူ​တွေစည်​ကား​နေကာ ​ပျော်​ဖို့​ကောင်း
နေလိမ့်​မည့်​အ​ကြောင်းကို အခုထဲက​တွေးကာ
ရင်​​တွေတလှိုက်​လှိုက်​ခုန်​​နေကြ​တော့သည်​။

Tae မှာ​တော့ မင်္ဂလာ​နေ့ကိုမ​စောင့်​နိုင်
တော့ဘူးဟုသာ တဂျီဂျီ ​အော်​​နေသည်​။
ထို မင်္ဂလာပွဲသာပြီး၍ ည​ရောက်​​သော်
သူဘာဖြစ်​မည်​ကိုမစဉ်းစားမိဘူးထင်​သည်​။

DEAR FRIEND// TK ✔Where stories live. Discover now