Chapter(11)

2.9K 333 46
                                    

Jungkook လုံးဝအ​ဆောင်​ကိုပြန်​မလာခဲ့ပါ။
ကြည့်​ရတာ သူ​တော်​ရွံသွားပုံ​ဖြစ်မည်​။

ကျ​နော့်​အမှား​တွေပါ။
ကျ​နော်​သာ သူ့​ရှေ့ အရမ်းsensitive
မဖြစ်​ခဲ့ဘူးဆိုရင်​ သူနဲ့​ဝေးရမှာ
မဟုတ်​ဘူး။

ကျ​နော်​သာ သူ့ကို​မ​ပြောခဲ့ရင်
သူထွက်​သွားမှာမဟုတ်​ဘူး။

ကျ​နော်​သာ....
သူ့ကို....
မချစ်​မိခဲ့ရင်​...
သူကျ​နော့်​ကိုမုန်းသွားမှာမဟုတ်​ဘူး။

အကုန်​ ကျ​နော့်​အပြစ်​​တွေ။

အခု ပြစ်​ဒဏ်​ခတ်​ခံရသည့်​အလား
သေမတတ်​လွမ်း​နေသည်​။
သူ့မျက်​နှာကို အရမ်း​တွေ့ချင်​​နေသည်​။

သူ့ကို ခဏ​လေးမ​တွေ့ရရင်​​တောင်
မ​နေနိုင်​​တော့သည်​အထိ
ကျ​နော်​ ရူးသွပ်​မိသွားပါသည်​။

ချစ်​တတ်​လွန်း​သော နှလုံးသား
ကိုလဲ သိပ်​မုန်းပါသည်​။

ထိုကိစ္စအတွက်​ ကျ​နော့်​အား
မျက်​နှာသာ မ​ပေးသည့်
ကံကြမ္မာ ကို​တောင်​ အပြစ်​မတင်​မိပဲ
ကိုယ့်​ကိုယ်​ကိုသာ ထပ်​တလဲလလဲ
အပြစ်​တင်​​နေမိသည်​။

တစ်​ညလုံးလဲအိပ်​မ​ပျော်​ပါ။
ကြိတ်​မှိတ်​အိပ်​​သော်​လည်း
အ​တွေး​တွေက ​ခေါင်းထဲ
ဝင်​လာသည်​။

Jungkook များ ကျ​နော့်​ကို
တစ်​သက်​လုံးခွဲသွားမလား။

သူအရမ်းမုန်းသွားပြီလား။

စိတ်​များကုန်​သွားပြီလား။

သူငယ်​ချင်း​တောင်​ဖြစ်​ခွင့်​မ​ပေး​တော့
ဘူးလား။

အ​တွေးအမျိုးမျိုး​ကြောင့်
တစ်​ညလုံးအိပ်​မရနိုင်​ပါ။
လူကိုပဲ တမင်​ကိုသတ်​​နေသလို
ခံစား​နေရသည်​။

စိတ်​​ဖြေ​ဖျောက်​ဖို့ရာ
မနက်​ဖြန်​​ကျောင်းမှာ
Jungkook ကိုထပ်​​တွေ့ရမှာပါ
ဟုသာ​ဖြေသိမ့်​ရင်း။

မှောင်​မိုက်​ ​ခြောက်​ကပ်​​သော
ညကြီးအား တစ်​​ယောက်​ထဲဖြတ်
သန်းခဲ့ရ​တော့သည်​။

မင်းဘယ်​​လောက်​ပဲငါ့အ​ပေါ်
ရက်​စက်​ပါပ​စေ။
ငါတစ်​သက်​လုံးဆက်​ချစ်​သွားမယ်​။
Jungkook...

DEAR FRIEND// TK ✔Where stories live. Discover now