Chapter(1)

11.2K 438 17
                                    

ဖတ်​​တော့ဖတ်​​နေသည်​။ သို့​သော်​​ခေါင်းထဲမဝင်​။
မျက်​လုံး​ညောင်း အချိန်​ကုန်​တာသာ အဖက်​တင်​သည်​။ လူကသာထိုင်​ခုံတွင်​၊ စိတ်​က ပြန်​မလာ​သေး​သော
ငနဲ​လေးဆီမှာသာ​ရောက်​​နေ​လေခြင်း။

ဒီ​ကောင်​​လေးဘယ်​​တွေများသွား​နေလို့ ဒီ​လောက်​ကြာ​နေတာလဲဟ။

Taehyung ထိုင်​ခုံမှထ၍ ပြတင်း​ပေါက်​နားသွားကာ တစ်​ချက်​​လေညင်းခံလိုက်​သည်​။ အသာအယာတိုက်​ခတ်​လာ​သော ​လေညင်းတို့က ထယ်​​ယောင်း၏မျက်​နှာကို
လာ​ရောက်​ရိုက်​ခတ်​ ကျီစယ်​​နေသလို သူ့ ​ငွေ​ရောင်​ဆံသားတို့ကိုပါ ​လေထဲ​မျောလွင့်​​စေသည်​။

မျက်​လုံးကိုဖွဖွမှိတ်​ကာ ​လေညင်းတိုက်​သည်​ကို
အနားယူခံစား​နေလိုက်​သည်​။ တဖန်​ အခန်းနံရံတွင်
ချိတ်​ဆွဲထား​သော နာရီသို့လှမ်းကြည့်​လိုက်​​သောအခါ
ညရှစ်​နာရီပင်​ရှိ​နေပြီ။

"ကျစ်​"

Taehyung စိတ်​ပျက်​စွာ စုပ်​တစ်​ချက်​သပ်​လိုက်​ရင်း
Jungkook အားဖုန်းဆက်​ရန်​ သူ့စားပွဲတွင်​ တင်​ထား​သောဖုန်းအား​ကောက်​ ယူလိုက်​ကာ Jungkook နံပတ်​အား နှိပ်​၍ ဖုန်းကိုနားရွက်​တွင်​ ​တေ့၍ တစ်​ဖက်​လူ၏
စကားသံကို​စောင့်​​နေလိုက်​သည်​။

*လူကြီးမင်း​ခေါ်ဆို​သော တယ်​လီဖုန်းမှာ စက်​ပိတ်​ထားပါသဖြင့်​....*

အ​ရေးဆို ဒီဖုန်းထဲကမိန်းမကတစ်​မျိုး။
ကြာရင်​သူနဲ့ ညား​တော့မယ်​။

Tae ​Jungkook ကိုဖုန်း​ခေါ်တာ ဒါနဲ့ဆို ၆ ​ခေါက်​ရှိ​နေ​လေပြီ။ ဒီစပီကာမနဲ့ပဲတိုး​နေသည်​​လေ။
စိတ်​ညစ်​စွာ သက်​ပျင်းရှည်​ကြီးတစ်​ခုကို​ကောက်​ချလိုက်​ကာဖုန်းကို ခုံ​ပေါ်သာပြန်​တင်​ထားလိုက်​သည်​။

အကိုနဲ့သွား​တွေ့တာ အဲ​လောက်​​တောင်​ကြာရသလား။
ပြန်​လာရင်​​တွေ့မယ်​.....အ​ကောင်​စုတ်​​လေး။

အ​တွေးပင်​ မဆုံး​သေး...တံခါးကို ဝုန်းကနဲဖွင့်​ဝင်​လာသူ။
ရှိသမျှသွား​တွေအကုန်​​ပေါ်​အောင်​ ဖြီးဖြ​နေ​လေသည်​။

DEAR FRIEND// TK ✔Where stories live. Discover now