Chapter(12)

3K 324 60
                                    

Tae ပါးစပ်​မှ ရုတ်​တရက်​ Jungkook
နာမည်​အား ​ရေရွတ်​မိသွား​သော်
သူမျက်​နှာပျက်​သွားသည်​။

"ငါ​မေး​နေတယ်​​လေ Hani"

Jimin က​နောက်​တစ်​ခွန်းထပ်​​မေးလိုက်​​တော့
Hani ကခနဲ့ပြုံးတစ်​ခုကို
မျက်​နှထက်​၌ ချိတ်​ဆွဲလိုက်​သည်​။

"ငါ့ကိုကို ကို သူကကြိုက်​​နေလို့​လေ"

"ဒါသူ့စိတ်​နဲ့သူ မင်းဘာမှဝင်​​ပြောစရာမလိုဘူး
Hani"

Hani ကပို၍ ပင်​မဲ့ရွဲ့ပြလိုက်​ကာ..

"Sorry ​နော်​ ​ယောင်္ကျားပိုင်းလုံး​ကြီးကို
အပစ်​တင်​မိလို့"

Jungkook မျက်​နှာ သိသိသာသာ
စိတ်​ညစ်​​နေသည်​။
ထို့​နောက်​သူ Hani လက်​အားအတင်း
ဆွဲလိုက်​သည်​။

"သွားမယ်​ ချစ်​...မင်းကမလုပ်​သင့်​တဲ့
အပြုအမူကိုလုပ်​တာ သိပ်​ရိုင်းသွားတယ်​"

"ကို...ချစ်​ဘာမှားလို့လဲ"

Jungkook Hani အားဆိုင်​ထဲမှ အတင်းဆွဲကာ
Tae အားလှမ်း​အော်​​ပြောခဲ့လိုက်​သည်​။

"​တောင်းပန်​ပါတယ်​ Tae~"

ထို့​နောက်​ အ​နြေ္ဒပျက်​​နေ​သော
Hani အား ဆိုင်​ထဲမှ အတင်းဆွဲ​ခေါ်
ထုတ်​သွား​တော့သည်​။

သူ...
အခုထိ Tae လို့​ခေါ်​နေတုန်းလား။

အခုချိန်​ထိ ထိုနာမည်​​လေးကို
ခေါ်​နေတုန်းကိုသိလိုက်ကတာမို့ Hani ကိုပင်
ကျေးဇူးတင်​ရမလိုလိုဖြစ်​သွားသည်​။

ဒါ​ပေမဲ့...
Hani သူ့ကိုမုန်း​နေမှန်း သူမသိခဲ့ပါလား။
ငါတယ်​ညံ့တာပဲ။



~~~~~~~~~~~~~~~~~




"လွှတ်​..ကို အခု လွှတ်​.."

ပလ​ဖောင်း​ပေါ်တွင်​​တောင်
ရုန်းရင်းဆန်​ခတ်​ ဖြစ်​ပျက်​​နေ​သော
Hani ။

Jungkook လဲ သူဆွဲထား​သော
Hani လက်​များအား လွှတ်​​ပေးလိုက်​သည်​။

"မင်းဘာလို့ အဲလိုသွားလုပ်​တာလဲ"

"သူက ကိုကို့ကိုကြိုက်​​နေတဲ့ပိုင်း
လုံးကြီး​လေ"

DEAR FRIEND// TK ✔Kde žijí příběhy. Začni objevovat