Chapter(6)

2.9K 321 40
                                    

"Kim Taehyung!!!"

ဒေါသမျက်​ဝန်းများဖြင့်​ကြည့်​​နေသူ။
ထိုသူက ..။
သူ၏ သူငယ်​ချင်း Jungkook ပင်​။

"မင်းက ​ငါမရှိ​တော့ သူငယ်​ချင်း
အသစ်​ရှာဖို့လုပ်​​နေတယ်​​ပေါ့"

"ဟင်​....သူငယ်​ချင်းအသစ်​ရှာတာပဲ...ဘာဖြစ်​လဲ..
မင်းလိုက်​တားရ​အောင်​ ငါကမင်းရည်းစားမဟုတ်​ဘူး"

"Taehyung ပါးစပ်​ပိတ်​...မင်းအခုလုပ်​​နေတဲ့ပုံက
အရမ်းအသားယူလွန်း​နေတယ်​...မင်းကအ​ခြောက်​လား
ဟမ်​!?"

"ဘာ!?"

"မင်းသိလား ငါက အ​ခြောက်​​တွေကိုအရမ်း
ရွံတယ်​ဆိုတာ"

ဒီတစ်​ခါ Jungkook ​ပြော​သော
စကားတွင်​ Tae ​တော်​​တော်​ဝမ်းနည်းသွားသည်​။

"မင်းကငါ့ကိုအဲလို​တောင်​ထင်​ပြီ​ပေါ့..."

အကယ်​၍များသာ
Tae Jungkook ကိုချစ်​မိ
နေမှန်းသိသွားရင်​ ဘယ်​​လောက်​​တောင်​...
အား...မ​တွေးချင်​ဘူး။

မသိလိုက်​ခင်​မှာတင်
မျက်​ရည်​တို့က ပါးပြင်​တွင်​​နေရာ
ယူသွားခဲ့ပြီ။

ကြားထဲက Jimin မှာ ထိုင်​ရမလိုလို
ထရမလိုလို ။
နောက်​ဆုံး​တော့လဲ သူတို့နှစ်​​ယောက်​ကို
ခေါင်းညွှတ်​၍ ထွက်​သွား​​ပေးတော့သည်​။

Tae ကလဲ အတိုင်းဆမရှိ ပြိုဆင်း
နေ​သော မျက်​ရည်​တို့အားမသုတ်​မိ။

"ငါ​မေး​နေတယ်​​လေ...Taehyung...
မင်းဒီရက်​ပိုင်းဘာ​တွေဖြစ်​​နေတာလဲလို့!!"

"မင်းငါ့ကို အ​ခြောက်​လို့​ပြောရ​အောင်​....
မင်းလဲငါ့ပါးကို​တောင်​နမ်း​သေးတာပဲ​လေ..
ငါကငါ့သူငယ်​ချင်းကိုဖက်​ရုံဖက်​တာပါ"

"ငါတို့ကရင်းနီးပြီးသား အ​ကြောင်းသိ​တွေ​လေ...
ပြီး​တော့ ငါတို့ကြားမှာ အဲလိုစိတ်​​တွေမရှိဘူးဆိုတာ
ယုံတယ်​...အခုဟာက မ​နေ့တ​နေ့ကမှ​တွေ့တဲ့သူကို..."

"​တော်​ပါ​တော့...."

Jungkook စကား​ပြော​နေသည်​ကိုဖြတ်​​ပြော
လိုက်​​သော​ကြောင့်​ Tae အားမကြည်​သလိုကြည့်​သည်​။

DEAR FRIEND// TK ✔Opowieści tętniące życiem. Odkryj je teraz