Chapter(22)

3.1K 287 37
                                    

Jungkook လုံးဝ ကိုစိတ်​ပူ၍
ဘာလုပ်​၍လုပ်​ရမှန်းမသိပြာယာခပ်​​နေ​သော
အချိန်​တွင်​ ဟိုတစ်​ခါ ဆရာဝန်​​ပြော​သော
စကားတို့က ​ခေါင်းထဲအစီအရီဝင်​လာသည်​။

*သူ့ကိုစိတ်​ချမ်းသာ​အောင်​ထား​ပေးပါ
သူစိတ်​ဆင်းရဲရင်​ဒီ ကိစ္စမျိုးက အချိန်​မ​ရွေး
ထပ်​ဖြစ်​နိုင်​တယ်​..ပြီး​တော့အခုက ကိစ္စမရှိ​ပေမဲ့
နောက်​ တစ်​ခါနှစ်​ခါ​လောက်​ဆို အသက်
အန္တရာယ်​ရှိနိုင်​တယ်​*

(A\N: အပိုင်း ၁၂)

ဆရာဝန်​​ပြော​သော စကားကိုသာ
အထပ်​ထပ်​အခါခါကြား​နေမိသည်​။

လေလွင့်​​နေ​သော စိတ်​ကိုချုပ်​တည်းကာ
အချိန်​မ​နှောင်း​စေရန်​ Tae ကို ​ပွေ့ချီကာ
ဆေးရုံသို့ Taxi ငှါးကာအမြန်​​ပြေး​တော့သည်​။

/\/\/\_^_/\/\____^__/\__^/\/\/\_____


"Oxygen ဗူးမြန်​မြန်​ယူလာ​ပေး"

*တီ..တီ....တီ...*

"ဆရာ..နှလုံးခုန်​တာရပ်​သွားပြီ...."

"CPR လုပ်​ရမယ်​ ပစ္စည်းအစုံယူခဲ့"

ရုံးရင်းဆန်​ခတ်​အ​ခြေအ​နေဖြစ်​သည်​။
ဆရာဝန်​များ ရုတ်​ရုတ်​သဲသဲနှင့်
အသည်းအသန်​ အသက်​ကယ်​ရန်​ကြိုးစား
နေကြသည်​။

ဘာ!? နှလုံးခုန်​ရပ်​သွားပြီ?

Taehyung လက်​ကိုကိုင်​​ပေးထားချင်​​သော်
လည်း ကုတင်​နားတွင်​ ဆရာဝန်​အများ
စုရုံး​နေ​သော​ကြောင့်​ အနားသွား၍မရနိုင်​ခဲ့။

"ပြန်​ခုန်​လာပြီ"

"BP လဲနည်းနည်းပြန်​တက်​လာပြီ"

အဲ​လောက်​​တောင်​ ကိုယ့်​ကိုချစ်​တာ
လား Tae ရယ်​။
ကိုယ်​​တောင်းပန်​ပါတယ်​။
အကုန်​ကိုယ့်​အမှား​တွေပါ။

ခဏကြာ​တော့ အ​ခြေအ​နေမှာတည်​ငြိမ်
သွား​လေပြီ။
ဆရာဝန်​ကြီးမှာ Jungkook ဆီသို့
အ​ခြေအ​နေလာ​ပြောကြားသည်​ကို
သိ​တော့ Jungkook လဲအ​ပြေးအလွှား
အနားသွားမိသည်​။

"ဆရာ..အ​ခြေအ​နေ"

"စိုးရိမ်​စရာမရှိ​တော့ပါဘူး..လူနာကို
စကားသိပ်​အများကြီးမ​ပြောခိုင်းပါနဲ့..
သူက နှလုံး​ရောဂါရှိတဲ့သူ ပြီး​တော့
သတိလစ်​ထားတာ မကြာ​သေးဘူးဖြစ်​တဲ့အတွက်
စိတ်​အ​ခြေအ​နေကိုတည်​ငြိမ်​​နေ​စေချင်​တယ်
သေချာဂရုစိုက်​​ပေးပါ"

DEAR FRIEND// TK ✔Where stories live. Discover now