Chapter(20)

3.3K 306 23
                                    

ခမ်းနားလှပါ​သော မင်္ဂလာခမ်းမကြီးအတွင်း
မင်္ဂလာတီးလုံးသံကို တီးခတ်​​ပေး​နေကြပါ​သော
ဂီတပညာရှင်​တို့​ကြောင့်​ ခမ်းမကြီးမှာ
ဂီတဝိုင်းနှင့်​အတူ အလွန်​ကြည့်​​ပျော်​ဖွယ်​​ကောင်း
ကာခမ်းနား​နေသည်​။

ဧည့်​ပရိတ်​သတ်​အ​ပေါင်းတို့မှာလဲ
တိတ်​ဆိတ်​ညိမ်​သက်​စွာ အခမ်းအနား
စမည်​ကို​စောင့်​ဆိုင်းလျက်​။
ခမ်းမ​ရှေ့မှသတို့သားက​တော့
အေး​ဆေးတည်​ငြိမ်​စွာရပ်​​နေသည်​။

တ​အောင့်​​နေ​တော့ သူ့အ​ဖေလက်​ကိုချိတ်​ကာ
ခမ်းမထဲသို့ဝင်​လာ​သော
သတို့သား​လေး​​ကြောင့်​ ခမ်းမ​ရှေ့ရပ်​​နေသူမှာ
အံ့သြကာ မှင်​သက်​​နေမိသည်​။

သိပ်​ကိုလှလွန်းတဲ့ ​ကောင်​​လေးကို
ငါပိုင်​ဆိုင်​ရမှာပါလား...

လှတယ်​ဆိုတဲ့စကားက ​ယောင်္ကျား​လေး
တစ်​​ယောက်​ကို မသုံးသင့်​မှန်းသိ​ပေမဲ့
Jimin ဆို​သော က​လေးငယ်​က
ဒီ မင်္ဂလာ​နေ့မှာ သိပ်​ကိုလှပလွန်း​နေသည်​။

သူ့ခင်​ပွန်း​တော်​ရ​တော့မည့်​ က​လေးငယ်
အား Yoongi ကြည့်​ကာ ကြည်​နူး​နေမိသည်​။

ဖာသာ​ဘေးတွင်​ရပ်​​နေ​သော
သူ့ခင်​ပွန်း​လောင်းထံ​လျှောက်​လာ​သော
Jimin ကလဲ သူ့စိတ်​သူထိန်းချုပ်​ရန်
ခက်​ခဲ​နေလှသည်​။

ထိုင်​​နေ​သော ဧည့်​သည်​ဘက်​ကိုလှမ်း
ကြည့်​လိုက်​​တော့ သူ့ကို Fighting ဟု
အမူအရာလုပ်​ပြ​နေ​သော Taehyung hyung
နှင်​​ဘေးနားထိုင်​​နေ​သော Jungkook hyung
တို့​ကြောင့်​ အနည်းငယ်​ စိတ်​ငြိမ်​သွား​တော့သည်​။

Taehyung hyung တို့အားပြုံးပြကာ
ဖာသာ​ရှေ့သို့ဆက်​လက်​ ​လျှောက်​လှမ်း
တော့သည်​။

ဖာသာ​ရှေ့​ရောက်​​သော်​ Jimin အ​ဖေက
Jimin အား Yoongi လက်​ထဲထည့်​​ပေးလိုက်
ကာ။

"ငါ့သားကို ​စောင့်​​ရှောက်​​ပေးပါ"

"ဟုတ်​ကဲ့ပါ အ​ဖေ"

Yoongi ဂါရဝပြုကာ​ပြောလိုက်​​တော့
Jimin အ​ဖေမှာ ​ပြုံးပြကာ
ရှေ့ဆုံးတန်းတွင်​သွားထိုင်​​တော့သည်​။

DEAR FRIEND// TK ✔Tempat cerita menjadi hidup. Temukan sekarang