Chapter(23)

2.9K 274 24
                                    

အချိန်​​တွေသာ အို​ဟောင်းကုန်​ကာရွက်​ဝါတို့​မြေခခဲ့ပြန်​၍ တစ်​ဖန်​မိုးစက်​တို့​ကြီးစိုး​သော​ကောင်းကင်​ရံမှ နှင်းပွင့်​အသွင်​​ပြောင်းခဲ့ရပြန်​သည်​မှာ ၄ ခါမျှရှိပြီ။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

အချိန်​​တွေသာ အို​ဟောင်းကုန်​ကာ
ရွက်​ဝါတို့​မြေခခဲ့ပြန်​၍ တစ်​ဖန်​မိုးစက်​တို့
ကြီးစိုး​သော​ကောင်းကင်​ရံမှ နှင်းပွင့်​အသွင်
ပြောင်းခဲ့ရပြန်​သည်​မှာ ၄ ခါမျှရှိပြီ။

ချစ်​သူပြန်​လာနိုး ပြန်​လာနိုးနှင့်
စောင့်​​နေသည်​မှာလဲကြာလှပြီ။
သို့​သော်​ သူယုံကြည်​သည်​တစ်​ခုက
သူ့ချစ်​သူက သူ့ကိုလုံးဝဒီလိုထား
သွားမည်​မဟုတ်​ပါ။

"Jungkook ​ရေ...​ဆေး​သောက်​ဖို့အ​ချိန်​​ရောက်​ပြီ"

အရူးတစ်​​ယောက်​သဖွယ်​ ပိတ်​​လှောင်
ထား​သောသူရှိရာ အခန်းငယ်​ထဲသို့
ဆရာဝန်​မက ​ဆေးဗူးများကိုင်​ကာ
ဝင်​လာခဲ့ပြီ။

ဆရာဝန်​မမှာ ခုံ​ပေါ်ရှိ အရာမယွင်း​သော
ပန်းကန်​များကိုကြည့်​ကာ စိတ်​ပျက်​မိပြန်​သည်​။

"ကျ​နော်​မရူးဘူး!! ကျ​နော့်​ချစ်​သူကရှိ​သေးတယ်
သူ ကျ​နော့်​ကို ညတိုင်းလာလာ​တွေ့တယ်​.."

ဆရာဝန်​မ တစ်​ဖန်​သက်​ပြင်းချရပြန်​သည်​။
အရင်​အတိတ်​က အဖြစ်​အပျက်​တစ်​ခုအား
လက်​မခံချင်​၍ စိတ်​ပိုင်းဆိုင်​ရာထိခိုက်​သွား
ခဲ့သူကို သူပြန်​ကုချင်​သည်​။
အရှိကိုအရှိအတိုင်းလက်​ခံလာ​အောင်
သူ့အကို Hoseok ကအကူအညီ​တောင်း
ထားသည်​မို့။

အ​ခြေအ​နေမပြင်းထန်​လျှင်​ Hoseok
လဲ သူ့ညီကို ဒီလို စိတ္တဇ​ဆေးရုံမှာလာ
ပိတ်​​လှောင်​ထားမည်​မဟုတ်​ပါ။
Jungkook သည်​ Tae ရှိ​သေးသည်​ဟု
ပြောရုံတင်​မက တစ်​ခါတစ်​ခါ
တစ်​​ယောက်​ထဲ စကား​ပြော​နေတတ်​သည်​။
ထိုသို့စကား​ပြော​နေသည့်​အချိန်
တစ်​​ယောက်​​ယောက်​ဝင်​လာလျှင်
အ​ကြောင်းအရင်းမရှိ ​အော်​ဟစ်​​သောင်းကျန်းကာ
ထိုလူအား လည်​ပင်းညှစ်​တတ်​သည်​။
'Tae ကိုပြန်​​ခေါ်​ပေး' ဟု​အော်​၍။

DEAR FRIEND// TK ✔Where stories live. Discover now