🖤Stay with me♥

Start from the beginning
                                    

🖤ပြန်လာခဲ့ baby......မင်းဘယ်မှကိုယ့်ခွင့်ပြုချက်မရပဲ မသွားရဘူး....🖤

"သား Perth သား ဖေဖေ့ကိုကြည့်စမ်း"

ပုခုံးကို ခပ်ကြမ်းကြမ်းလာလှုပ်ရင်းခေါ်မှပဲ မျက်လုံးဖွင့်ကြည့်မိသည်....

"ခွဲစိတ်မှုအောင်မြင်တယ်သား ....သားသူ့ကို အချိန်မီဆေးရုံကိုခေါ်လာနိုင်ခဲ့လို့....လက်မတင်လေးကယ်တင်နိုင်ခဲ့ပြီ.....

ခု သူအမြန်ဆုံးသတိရလာဖို့ပဲဆုတောင်းရတော့မှာ....."

တချိန်လုံးအောင့်ထားမိသော အသက်ကိုခုမှကောင်းကောင်းရှူနိုင်တော့သည်အထိ......

"သား ပြင်းပြင်းပြပြယုံကြည်ချက်တခုကို တားဆီးနိုင်တဲ့စွမ်းအားလောကမှာမရှိဘူးသား......

စိတ်ရင်းအစစ်အမှန်တွေသာ ပြင်းပြနေပါစေ......

ယုံကြည်ချက်တွေသာပြင်းထန်နေပါစေ....

သား Saint အမြန်ဆုံးသတိရလာမှာပါ...."

ဖေဖေပြောတဲ့စကားကြားမှပဲ ယုံကြည်ချက်တွေပျောက်ဆုံးကာ ငယ်ဘဝက Perthအဖြစ် ရောက်ရှိခဲ့သော ခုနကအချိန်ကိုပြန်သတိရရင်း ရှက်မိသည်.....

🖤တောင်းပန်ပါတယ်ဖေဖေ ပျော့ညံ့တဲ့ပုံစံပြပြီး ဖေဖေတို့ကို အပိုစိတ်ပူစေမိလို့.......

ပြီးတော့ကျေးဇူးတင်ပါတယ်....

သားဘာလုပ်ရမယ်ဆိုတာကို အသိပေးလိုက်လို့.....🖤

"အဲ့ဒါဆို ခုသားSaintကို သွားတွေ့လိုက်ပါဦး သူစောင့်နေမှာသားကို...."

ခွဲခန်းထဲကနေ အထူးခန်းထဲရွှေ့ထားလိုက်တာတောင်မသိရအောင်ထိ သွေးပျက်နေတဲ့အဖြစ်ကို ပြန်တွေးရင်း ကိုယ့်ကိုယ်ကိုယ်စိတ်ပျက်လာမိပြီမို့....

မျက်ရည်တွေကိုလက်ဖြင့် ခပ်ကြမ်းကြမ်းပွတ်ဆွဲသုတ်ရင်း.......

ဖေဖေတို့နဲ့တူတူ babyရှိရာကို လိုက်ခဲ့တော့သည်.....

🖤♥🖤♥

တကိုယ်လုံး ပွန်းပဲ့ဒဏ်ရာအပြည့်နဲ့ လက်တွေခြေထောက်တွေပါပတ်တီးအပြည့်နဲ့ ကလေးကိုတွေ့ရတော့ ရင်ထဲဆို့နင့်လာမိသည်.....

🖤Theories of LOVE♥(Completed)Where stories live. Discover now