🖤🖤မှောင်မိုက်သော🖤🖤

Start from the beginning
                                    

"ကဲ ထားပါတော့ အခုချက်ချင်း ရှိတဲ့လေယာဉ်နဲ့ပြန်လာဖို့ ငါတို့ဟိုကောင့်ကိုဖုန်းဆက်ရမယ်"

🖤♥🖤♥

၂ယောက်အိပ်ကုတင်ပေါ်မှာ ကျုံ့ကျုံ့လေးထိုင်ရင်းနံရံကို အကြောင်းမဲ့ငေးစိုက်ကြည့်နေမိတာက ဘာလို့လဲ.....

ကိုယ့်ဟာကိုယ်လဲဘာမှန်းမသိ.....

နောက်ဆုံးချိန်ထိယုံကြည်ခဲ့သမျှတွေဟာ အဲ့လိုလွင့်ပါးပျက်စီးခဲ့ရမယ်လို့ထင်မထား.....

ကိုယ်တယောက်တည်းပိုင်ဆိုင်ခဲ့တယ်လို့ယုံကြည်ရတဲ့ အရာအားလုံးဟာ တခြားတပါးသူလက်ထဲမှာ.....

နံရံပေါ်နာကျင်စရာအရိပ်တွေထင်ဟပ်လာတာကို အသိစိတ်ကနှင်မထုတ်မိ...

ပြန်မြင်ယောင်ရင်း ငြိမ်သက်စွာပဲ မျက်ရည်တွေစီးကျလာတာကို နာကျင်စွာခံစားမိသည်......

ခုချိန်ထိ သူပြောခဲ့တဲ့စကားတွေကို ယုံကြည်ခဲ့သည်.......

ပြီးတော့.....သူ့ကို ကိုယ်တိုင် ထင်မထားလောက်တဲ့အတိုင်းအတာထိချစ်ခဲ့တယ်ဆိုတာကို အခုလိုအချိန်မှပိုပြီးသိလိုက်ရတာ....

သူ့ကိုချစ်လွန်းလို့ သူတကယ်ကိုယ့်နားမရှိတော့မှာ သူ့အချစ်တွေကကိုယ့်အတွက်မဟုတ်တော့မှာကို မသိစိတ်ထဲကနေစိုးကြောက်နေခဲ့တာလေ......

အားနည်းပျော့ညံ့စွာ ထွက်ပြေးခဲ့မိတဲ့အဖြစ်ကိုပြန်တွေးတိုင်း ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေသာ တိုးတိုးလာရင်း....

♥ခင်ဗျားမသိဘူးလား ခင်ဗျားကိုအဲ့လိုအရာအားလုံးမှီခိုချင်စိတ်နဲ့ အားကိုးချင်စိတ်နဲ့ အများကြီး မျှော်လင့်ထားပြီးမှ......

ခုလိုအရမ်းချစ်မိသွားပြီဆိုတော့မှ ဘာလို့လဲ......ဘာလို့လဲ.......♥

သူ့အချစ်အောက်မှာ ငြိမ်ဝပ်ပိပြားစွာ အချစ်တခုကိုပဲရူးသွပ်စွာကိုးကွယ်ချင်စိတ်တွေက ခုတော့ .......

♥ပျော့ညံ့မှုက ခုလိုနာကျင်ကြေကွဲမှုတွေပဲဖြစ်စေတယ်ဆိုတာသိရင် ခင်ဗျားကိုမချစ်ခဲ့ဘူး.......

ခင်ဗျားရဲ့အချစ်တွေအောက်မှာ ကလေးတယောက်လို ဖြူဖြူစင်စင်ရှင်သန်ခဲ့ချင်မှာလဲ မဟုတ်ဘူး......

🖤Theories of LOVE♥(Completed)Where stories live. Discover now