💜Secret Butterfly💜

Start from the beginning
                                    

အဲ့ဘာမှန်းမသိတာကိုတွေးမိတိုင်း ရင်မောလွန်းလှသည်။

♥ငါ တခုခုသိရဖို့ကြိုးစားသင့်လား♥

ခြေလှမ်းတွေက ဘယ်တော့မှအသုံးမပြုတော့ဟုဆုံးဖြတ်ကာသိမ်းထားသည့် ပစ္စည်းတခုဆီဦးတည်လို့

ကိုယ့်အဝတ်လဲခန်းထဲက အပေါ်ဆင့်မှာ ဘူးလေးနဲ့သေချာထည့်သိမ်းထားသည့် ခရမ်းရောင်လိပ်ပြာမျက်နှာဖုံးလေး

♥တောင်ပံခတ်ချိန်ရောက်ပြန်ပြီလို့ မထင်ဘူးလားဟင်♥

♥ကိုယ့်ရန်သူရဲ့ခံစားချက်တွေနှိုက်ထုတ်ဖို့ ငါမင်းကိုပြန်အသုံးပြုသင့်သလား♥

မျက်နှာဖုံးလေးကို ပွတ်သပ်ရင်း ကိုယ့်ဘာသာအမေးအဖြေလုပ်နေမိသည်။

♥လျှို့ဝှက်ချက်ဟာ ခင်ဗျားအတွက်ဖြစ်စေ ကျွန်တော့်အတွက်ဖြစ်စေ ကာကွယ်ရမဲ့တာဝန်ကျွန်တော့်မှာရှိတယ်♥

မျက်နှာဖုံးကို တပ်ရင်း မှန်ထဲကိုကြည့်လိုက်တော့ ရုန်းကြွနေတဲ့စွမ်းအင်တခုခုက မျက်နှာပေါ်မှာအထင်းသား....

♥အဲ့စွမ်းအင်ဟာ ဒီအချစ်တခုကိုကာကွယ်ဖို့ပဲ ဖြစ်ပါလိမ့်မည်♥

🖤♥🖤♥

Ring~~~~~~~~

"Hello Nick ပြောနေပါတယ်"

♥Sawadee krub P'Nick ကျွန်တော်က Saintပါခင်ဗျ P'သူငယ်ချင်း Perthရဲ့ ....

"အာ......ညီလေး သိတာပေါ့ Perthရဲ့ အသည်းကျော် တဦးတည်းသောကောင်လေးဆိုတာ ပြော ညီလေးဘာကိစ္စရှိလို့လဲ"

♥ဟုတ် အကို့ကိုအရေးတကြီးတိုင်ပင်ရင်း အကူအညီတောင်းစရာရှိလို့ပါ ဒီနေ့ခင်း အကို့Barကို ကျွန်တော်လာခဲ့ပါ့မယ်♥

♥ဒါပေမဲ့လေ တခုတော့တောင်းဆိုပရစေ သူ့ကိုပြန်မပြောပါနဲ့နော်♥

"စိတ်ချပါ ညီ အကိုမပြောပါဘူး "

♥ကျေးဇူးပါ အကို အာ့ဆို see youနော်♥

🖤ဟိတ်ကောင်လေး......🖤

ဖုန်းကိုင်ပြီး ငေးနေတုံး ခါးကိုလာဖက်ရင်း ခေါ်လိုက်တဲ့အသံကြောင့် လန့်တောင်သွားရသည်။

♥လန့်လိုက်တာဗျာ.... ခင်ဗျားအလုပ်မသွားသေးဘူးလား♥

🖤သွားမှာပေါ့ Babyရဲ့ တခုယူစရာရှိသေးလို့🖤

🖤Theories of LOVE♥(Completed)Where stories live. Discover now