🔶Agapic eros♥

Zacznij od początku
                                    

လူငယ်ဆန်ဆန်ပုံစံနဲ့ တကယ်လန်းနေတာတော့ ငြင်းမရ အေးပေါ့လေ CEO ဆိုပေမဲ့ ခုမှအသက်၂၀ကျော်ပဲရှိသေးတာကိုး......

ကျောင်းပြန်ဖို့ကို မယောင်မလည်နဲ့ သူ့ပဲကွက်ကြည့်ကွက်ကြည့်လုပ်နေကြတဲ့ဟာတွေကို ကြည့်ပြီး စိတ်ကတိုချင်လာပြီ

သူရှိရာဆီခြေလှမ်းကျဲတွေနဲ့သွားမိတော့ ခြေလှမ်းတွေကမသိမသာ မြောက်ကြွမြောက်ကြွဖြစ်နေသလားမသိ

🖤ဟေးးး Baby ဖြည်းဖြည်းလာပါကွ ချော်လဲနေဦးမယ်🖤

♥ဘာ babyလဲ ကျွန်တော် ကလေးမဟုတ်ဘူး နေပါဦး ခင်ဗျားက ကားထဲမှာထိုင်မစောင့်ပဲ ဘာလို့လူလုံးထွက်ပြနေတာလဲ♥

🖤အော် ရုတ်တရက်ရှာမတွေ့မှာ စိုးလို့ပါကွာ ဘာလဲ သဝန်တိုတယ်ပေါ့ သူများတွေဝိုင်းကြည့်နေတာကို ဟုတ်လား🖤

♥အော် Saintရဲ့အမျိုးသားက Saintလောက်တောင် မခန့်ညားဘူးဆိုပြီး မတွေးစေချင်တာပါ ခင်ဗျားက ကျွန်တော့်လိုခန့်ချောကြီးမှမဟုတ်တာ♥

🖤Baby ရာ ငါနော်....အသည်းတွေယားလာပြီကွာ........🖤

ပြောပြီး အားရပါးရ ကျွန်တော့်နှုတ်ခမ်းကိုသူ့လက်နဲ့ ဆွဲလိမ်လိုက်တာဆိုတာ.....

♥အွီး.......သေမလို့ ဆွဲလိမ်ရတာလား လူယုတ်မာကြီးရဲ့ နာလိုက်တာ♥

🖤Baby က အသည်းယားအောင်ပြောနေတော့စိတ်မထိန်းနိုင်လို့လေ ဒါဆိုနမ်းပေးရမလား ပြော🖤

♥ဟိုးထား.....ကျောင်းရှေ့မှာ ခင်ဗျားနော် ♥

ရှက်ကိုးရှက်ကန်းနဲ့ ဘေးဘီကိုမသိမသာဝေ့ကြည့်တော့ အားကျနေတဲ့အကြည့်တွေနဲ့ (သွားရည်တွေတောင်ကျနေမလားမသိ😁) FAထုကြီးက နည်းတာမဟုတ် .......

ရှက်စိတ်နဲ့ ကျေနပ်စိတ်ရောပြီး သူ့ကိုတွန်းဖယ်ကာ ကားပေါ်ကို ပီတိဖြာနေတဲ့မျက်နှာနဲ့ တက်ထိုင်လိုက်တော့သည်။

ကားပေါ်ရောက်တော့ ခါးပတ်လာပတ်ပေးတော့ မင်သေသေနဲ့ထိုင်နေလိုက်သည်။

♥ဟွင်း ဒီလူကြီးက နည်းနည်းလေးအရောဝင်တာနဲ့ နှာဘူးကနေရာမရွေးထချင်တာ♥

ခပ်တည်တည်နဲ့ထိုင်တွေးနေတုံး....

ကိုယ့်နှုတ်ခမ်းပေါ်လျှပ်တိုက်သလို ပွတ်ဆွဲနမ်းသွားတဲ့ သူ့နှုတ်ခမ်း.........

🖤Theories of LOVE♥(Completed)Opowieści tętniące życiem. Odkryj je teraz