🖤အား.........အသည်းယားလာပြီကွာ🖤

အသည်းယားလွန်းစွာ သူ့မျက်နှာကိုအနမ်းတွေခြွေတော့ တွန့်လိမ်ကောက်ကွေးရင်းရုန်းကန်နေတာကအစ ရင်ထဲချစ်မိနေတာ.......

"အဟမ်း......အဟမ်း..."

♥ဟင်......ဖေဖေ🖤

ရှက်ရှက်နဲ့ ကျွန်တော့်ကိုဆောင့်တွန်းချလိုက်တဲ့သူပုန်လေးကြောင့် ကျွန်တော့်မှာ ကုတင်ပေါ်ကနေ ဖုတ်ခနဲ.....

ကျွန်တော်တို့အဖြစ်ကို ကြည့်ရင်း တိုင်ပင်မထားဘဲဝါးလုံးကွဲရယ်လိုက်ကြသည့် ဖခင်၂ဦးကြောင့် သူရောကျွန်တော်ရော မျက်နှာပင်ဘယ်နားထားရမှန်းမသိ...

🖤ဖေဖေတို့ကလဲ နည်းနည်းပါးပါးအသံပေးပြီးမှဝင်တာမဟုတ်ဘူး အခုဖေဖေတို့ကြောင့် သားရာထူးကျပြီး ကုတင်ပေါ်ကပြုတ်ကျတာ🖤

♥အား.....ရှက်လိုက်တာ အာ့ခင်ဗျားကြောင့်♥

စောင်ခေါင်းမြီးခြုံရင်း အရှက်သည်းနေသူကြီးကြောင့် ကျွန်တော်ပါ ဖေဖေတို့နဲ့ရောပြီး ရယ်လိုက်မိသည်။

"ဟိုတလောက ထိပ်ပေါက်ခေါင်းကွဲဖြစ်အောင်ချကြတဲ့ လင်လင်၂ယောက်ဘယ်ရောက်သွားလဲဟေ ဟားဟား"

🖤မစပါနဲ့တော့ဗျာ ဟိုမှာရှက်နေပြီ 🖤

"သား Saintနေလို့ကောင်းသွားပြီမှတ်လား ရှက်မနေနဲ့ ထတော့"

♥ဖေဖေနော် သား အော်ငိုလိုက်မှာနော် ♥

"အမလေး မောင်မင်းကြီးသားရယ် အော်တော့မငိုပါနဲ့ ရှက်စရာလားကွာ ကိုယ့်ယောကျာ်းနဲ့ကိုယ် နမ်းနမ်းဘာလုပ်လုပ်ပေါ့"

♥ဖေဖေ............♥

"ကဲပါ မစတော့ပါဘူး ထတော့ သား ဟိုမှာNoသတိရလာပြီ သွားသက်ကြည့်လိုက်ဦး သားကိုကယ်ထားတဲ့ကျေးဇူးရှင်ပဲမဟုတ်လား"

တိုင်ပင်မထားဘဲ သူနဲ့ကျွန်တော်တယောက်မျက်နှာတယောက်လှမ်းကြည့်မိကြသည်။

♥ဘယ်လိုအခြေအနေဖြစ်ဖြစ် ခင်ဗျားချစ်တယ်လို့ပြောထားတာကိုမမေ့ကြေး♥

🖤ခုကစပြီး မင်းရဲ့ပိုင်ဆိုင်မှုကိုလူတိုင်းရှေ့မှာအပြည့်အဝချပြမှာမို့ ကိုယ့်ကိုယုံကြည်နော်🖤

🖤Theories of LOVE♥(Completed)Where stories live. Discover now