💙Love Ladder💙

Start from the beginning
                                    

🖤အမှောင်သခင်ကြီး Perthဘယ်ကမ္ဘာမှာပျောက်ရှသွားသလဲမေးရင် Saint ရဲ့အနီရောင်ကမ္ဘာထဲမှာ ပျောက်ဆုံးသွားသည်လို့ပင်ပြောရပါတော့မည်🖤

🖤လက်ထပ်သည့်နေ့က သူပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော့်ဘဝကခု အနည်းဆုံးအနေနဲ့ မှောင်မနေတော့ဘူးပဲလေ🖤

🖤သူ့ဖြစ်တည်မှုတွေအပေါ်မှာ မျှော်ငေးရင်း သူ့အချစ်တွေကိုမျှော်လင့်ရင်း မျှော်လင့်ခြင်း အလင်းတွေနဲ့ ဘဝကနေ့တိုင်းဖြတ်သန်းနေရသည်မဟုတ်လား🖤

♥ဒီမှာ အွတ်.......♥

အတွေးလွန်နေသော ကျွန်တော့်ကိုစိတ်မရှည်သောကောင်လေးက အင်္ကျီ ကော်လံစကနေကိုင်ကာဆွဲဆောင့်လိုက်သည်ထင့်.....

သူကပဲ အားပါလွန်းလို့လား ကိုယ့်မသိစိတ်ကပဲတွန်းပို့နေလို့လားမသိ သူ့နှုတ်ခမ်းပေါ်ထိကပ်မိသွားတဲ့ ကိုယ့်နှုတ်ခမ်း

🖤မျက်စိလည်လမ်းမှားရောက်လာသောအခွင့်အရေးကို လက်သင့်မခံရလောက်အောင် မိုက်မဲသည့်လူသားထဲ ကျွန်တော်အပါမခံနိုင်ပါ🖤

နူးညံ့နေသော နှုတ်ခမ်းလေးပေါ်ရူးကြောင်ကြောင်အကွက်တွေခင်းရင်း ဖြတ်လျှောက်မိတာ ဘယ်လောက်တောင် ကြာသွားသလဲမသိ

အတင်းတွန်းထုတ်တော့မှပင် လွှတ်ပေးလိုက်တော့သည်။

♥ခင်ဗျား တော်တော်လူလည်ကျတဲ့လူ ♥

ရှက်သွားတဲ့ကောင်လေးကတော့ မျက်နှာကြီးစူပုပ်ပြီး ချက်ချင်းကိုရှေ့ကပြေးတော့သည်။

ကိုယ့်မှာသာ မဟာကံထူးရှင်လူသားလိုမျိုး ရင်တွေတုန်ပြီးကျန်ခဲ့လေရဲ့

🖤♥🖤♥

လှေကားပေါ်ကနေ ပြုံးဖြီးပြီးပြေးဆင်းလာသောကောင်လေးတယောက်

♥ဟွန်း တော်တော်ကို တုံးအတဲ့လူ♥

ကျွန်တော့်ကိုNecktieချည်ပေးရင်း တွံတွေးတွေခဏခဏမျိုချနေတဲ့ လူကို ကြည့်ရင်း ရယ်ကလဲရယ်ချင် သနားကလဲသနားနဲ့မို့ ကြံဖန်စီစဉ်ပေးလိုက်ရတာ

♥ချစ်တဲ့လူဆီက အနမ်းပဲလေ မလွမ်းပဲနေမလား♥

♥ချစ်ပေမဲ့လဲ ချက်ချင်းလက်ခံယုံကြည်ပေးဖို့ကမဖြစ်နိုင်ဘူးလေ ♥

🖤Theories of LOVE♥(Completed)Where stories live. Discover now