💙Key for Heart💙

Start from the beginning
                                    

သူငယ်ချင်း အရမ်းမလုပ်ပါနဲ့

ဖေဖေ့လက်ကိုဆွဲကာ ဟန့်တားနေတဲ့သူ့ဖေဖေ

"ငါမင်းကို အိမ်ထောင်ချပေးခဲ့တာ မင်းရဲ့လက်တွဲဖော်အပေါ်မှာသူများသားသမီးအပေါ်မှာခုလို တာဝန်မဲ့စော်ကားဖို့မဟုတ်ဘူးကွ"

"ရှက်ဖို့ကောင်းလိုက်တာကွာ ရှက်ဖို့ကောင်းလိုက်တာ မင်းပြောစမ်းအခုငါ့ကိုပြောစမ်း ဘာသဘောနဲ့မင်းပေးလိုက်ရတာလဲအဲ့ကလေးကိုပြောစမ်း"

🖤ကျွန်တော်သူ့ကို အနိုင်လိုချင်လို့ပါဖေဖေ🖤

ဘာ.........

🖤ဟုတ်တယ် ဖေဖေသားတို့၂ယောက်ကအချစ်မရှိဘဲလက်ထပ်ခဲ့ကြတာမို့လို့ခုလိုအခြေအနေတွေဖြစ်ကုန်တာလေ🖤

🖤ခုလိုလုပ်လိုက်တာလဲသူ့စိတ်သားအပေါ်ဘယ်လိုသဘောထားလဲသိချင်လို့ လုပ်လိုက်မိတာပါ သားဘက်ကအရမ်းလွန်သွားတာတော့ဝန်ခံပါတယ်🖤

🖤ဒါဆိုမင်းကရော သားSaintအပေါ်ဘယ်လိုသဘောထားလဲ🖤

🖤အနိုင်လိုချင်လို့ပါလို့ပြောပြီးပြီပဲ ဖေဖေ🖤

နောက်ထပ်ကျရောက်လာသော လက်သီးတချက်

ကျွန်တော် သေသွားဖို့ပဲတကယ်ဆုတောင်းမိတော့သည်။

ချစ်လို့သူ့စိတ်ကိုသိချင်လို့ လုပ်တာပါလိုပြောရင်ရောဘယ်သူကယုံပေးမှာတဲ့လဲ.......

ကိုယ်မကောင်းတာသိပေမဲ့ နတ်ဆိုးတကောင်လိုမကောင်းဆိုးဝါးစိတ်ကခုထိဖုံးလွှမ်းနေပြီးသားမို့ ရပ်တန့်မရတော့.

ဒါပေမဲ့ ဖေဖေ့ရဲ့စကားတခွန်းကြောင့်ကျွန်တော့်ကမ္ဘာကြီး ဇောက်ထိုးမိုးမျှော်ဖြစ်သွားသလိုခံစားလိုက်ရသည်။

အေး.....ငါကတော့ မင်းခုလိုအဓိပ္ပါယ်မရှိသူများသားကို နှိပ်စက်နေတာတွေမကြည့်ချင်ဘူး အဲ့တော့ မင်းတို့ကွာရှင်းဖို့ငါစီစဉ်ပေးမယ်......

🖤ဖေဖေ..🖤

♥ဦး...♥

၂ယောက်သားတိုင်ပင်ထားခြင်းမရှိဘဲထွက်ကျလာတဲ့စကားလုံးတလုံးစီက ဒီအကျိုးဆက်ကို ရပ်တန့်စေလိုတဲ့ ဆန္ဒတွေများလား.........

🖤Theories of LOVE♥(Completed)Where stories live. Discover now