💜Chaos Theory💜

Start from the beginning
                                    

🖤မေးလဲ နေပေးပါ့မယ်လို့မဖြေနိုင်ဘူး မင်းလိုအပ်တာမှန်သမျှဖြည့်ဆည်းပေးဖို့ အိမ်ကဝန်ထမ်းတွေအကုန်ငါမှာထားပြီးသား🖤

♥ခင်ဗျားပြောတော့ အချစ်အမုန်းကင်းကင်းနဲ့ တာဝန်ယူတတ်တဲ့လူပါဆို မနေ့ညကအတူနေတာ ခင်ဗျားရဲ့တာဝန်ဆိုရင် ဒီနေ့ကျွန်တော့်ကို ပြုစုဖို့ကခင်ဗျားတာဝန်မဟုတ်ဘူးလား♥

ရုတ်တရက်ရောက်လာတဲ့ အနမ်းတခုကိုမရှောင်နိုင်ခဲ့ဘူး။

မရှောင်နိုင်ခဲ့တာထက် အံ့သြမိသွားတာဆိုပိုမှန်မယ်။

ပြင်းပြင်းရှရှအနမ်းတွေအောက်၃စက္ကန့်လောက် အသိစိတ်လွတ်နေခဲ့ပြီးနောက်မှာတော့ ကျွန်တော်သူ့ရင်ဘတ်ကိုအားပြင်းပြင်းနဲ့ပဲတွန်းထုတ်လိုက်မိတော့တယ်။

♥ခင်ဗျားဘာလုပ်တာလဲ အ...♥

ပြောလို့ပင်စကားမဆုံးသေး လူကိုဆတ်ကနဲပွေ့ချီလိုက်တော့ ခါးရိုးတလျှောက် စူးခနဲအောင့်တက်နာကျင်မှုကြောင့် စကားပင်ဆက်မပြောနိုင်ပဲ သူပွေ့ချီရာပါသွားရတော့သည်။

လူကိုရေချိုးခန်းထဲထိပွေ့ချီပြီး ရေဖြည့်ပြီးသား Bathtub ထဲ ပစ်ချလိုက်တာက လုံးဝညင်သာမှုမရှိ။

နာကျင်နေတဲ့ခန္ဓာကိုယ်က မခံချင်စိတ်ကြောင့်ပို၍ပင် အထိနာသွားပြီ.....

တကိုယ်လုံးတဆတ်ဆတ်တုန်ရင်း bathtubထဲကနေ စကားသံပင်မထွက်နိုင်တော့ပဲ မီးတောက်နေသောမျက်လုံးများဖြင့်သာ စိုက်ကြည့်မိလိုက်တော့သည်။

🖤အဲ့ဒါ ငါ့ရဲ့၁၀၀ရာခိုင်နှုန်းအပြည့် ရေမရောတဲ့ အပိုမပါတဲ့ဂရုစိုက်မှုပဲ🖤

🖤ဘဝမှာအပိုအလုပ်တွေလုပ်ရတာငါအမုန်းဆုံးပဲ ပြီးတော့လိမ်တာညာတာကိုလဲ မုန်းတယ် ငါကိုယ်တိုင်လဲဘယ်တော့မှမလိမ်ဘူး ရန်သူတယောက်ကိုဆိုရင်တောင်မှပေါ့🖤

🖤အခုမင်းက ငါ့ရန်သူမဟုတ်ဘူး ငါတရားဝင်လက်ထပ်ယူထားတဲ့သူ ဒါ့အပြင်မင်းကလဲငါ့ကိုမချစ်သလို ငါကလဲမင်းကိုမချစ်ဘူး🖤

🖤မချစ်တဲ့သူတွေအကြားမှာ ကြင်နာမှုဆိုတာလုံးဝရှိမနေသင့်တဲ့အပိုသက်သက်ပဲ 🖤

🖤Theories of LOVE♥(Completed)Where stories live. Discover now