Extra

37.5K 1.6K 124
                                    

ရှင်းခန့်​ပိုင်​ အိပ်​ယာက နိုးလာ​တော့ ​ဘေးမှာအိပ်​​နေတဲ့ ဆက်​ဧကရာဇ်​ ကိုအရင်​ကြည့်​လိုက်​တယ်​...ဆက်​ မျက်​လုံး ​လေး​တေမှိတ်​ထားတယ်​..အိပ်​​နေ​သေးလား နိုး​နေပြီလားဆိုတာသိချင်​လို့ ဆက်​ ရဲ့မျက်​နှာ​ရှေ့မှာ ရှင်း လက်​တစ်​ဖက်​ကို ​ဝှေ့ ယမ်း လိုက်​တယ်​...ဆက်​ဧကရာဇ်​ တုပ်တုပ်​​မှမလှုပ်​တာ​ကြောင့်​ သူအိပ်​​နေတာ ​သေချာပြီဆိုပြီး ရှင်းခန့်​ပိုင်​ လဲ အိပ်​ယာကထပြီး ထိုင်​လိုက်​တုန်းပဲ ရှိ​သေးတယ်​.. .ရှင်းခန့်​ပိုင်​ ​ပေါင်​​ပေါ်ကို ဆက်​ဧကရာဇ်​ ​ခြေ​ထောက်​နှစ်​​ချောင်းလုံး ပစ်​တင်​လိုက်​တယ်​.........။

"ဆက်​......."

"ဘယ်​သွားမလို့လဲ.. ..ရှင်းခန့်​ပိုင်​.. ."

ဆက်​ က သူ့ရဲ့လက်​နှစ်​ဖက်​ကို ​ခေါင်းအ​နောက်​ဘက်​မှာထားပြီး မကြည်​ကြည့်​နဲ့ ကြည့်​ပြီး ရှင်းခန့်​ပိုင်​ ကို ​မေးလိုက်​တယ်​။

"အိပ်​​နေပြီထင်​​နေတာ ..နိုး​နေပါလား..​ရေသွားချိုးမလို့​လေ......"

"ဟိုသူ​ဌေး​ကောင်​နဲ့ သွား​တွေ့မှာမဟုတ်​ဘူးလား....."

"လုပ်​ပြန်​ပြီ ကွာ...မ​နေ့ကထဲက ရှင်းပြထားတယ်​​လေကွာ...ဒီ​နေ့ ကို​ကျော်​စွာ ​မွေး​နေ့မို့သွားရမဲ့အ​ကြောင်းကို ....."

ဆက်​ က အိပ်​​နေရာက​နေ ထထိုင်​လိုက်​ပြီး ရှင်းခန့်​ပိုင်​ အ​ပေါ်တင်​ထားတဲ့ ​ခြေ​ထောက်​​တေကိုလဲ ​အောက်​ပြန်​ချလိုက်​တယ်​။

"မင်းအတွက်​အာ့​လောက်​​တောင်​ အ​ရေးကြီး​နေလား မသွားလို့မဖြစ်​ဘူးလား...."

"သူနဲ့အတူသွားတာမကြိုက်​ရင်​လဲ ဆက်​ ကို လိုက်​ခဲ့လို့​ပြောတယ်​​လေကွာ....လိုက်​ဆို​လဲ မလိုက်​ပဲနဲ့ကို အကို့ကိုကလဲ ​ပြောပြီးသား လာမယ်​လို့ကတိ​ပေးပြီးသားဖြစ်​​နေတယ်​​လေကွာ ...အာ့​ကြောင့်​ မို့ ပြသာနာ မရှာပါနဲ့​တော့ကွာ....."

"ငါက သူ့အခွက်​ကြီးကို လိုက်​ပြီး ကြည့်​ရဦးမှာလား မလိုက်​ချင်​ပါဘူး..."

ဆိုပြီး ဆက်​ က​ပြောလိုက်​​တော့ ရှင်းခန့်​ပိုင်​ ချက်​ချင်းမျက်​နှာက ပျက်​သွားတယ်​။

SERVANT Where stories live. Discover now